
နေပြည်တော် ဧပြီ ၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီသည် တာဝန် ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်အပြည် ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ ပြီး လေဆိပ်၌ တာဝန်ထမ်းဆောင် နေသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် တာဝန်ခံ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်ဇင်ဝင်းက နေပြည်တော်လေဆိပ်၏ ခရီး သည် ဝင်/ထွက်မှု၊ လူဝင်မှုစစ်ဆေး ရေးလုပ်ငန်းများ ဆောင်ရွက်မှု နှင့် ကြိုတင်ပြင်ဆင်ထားရှိမှုကို လည်းကောင်း၊ အမြဲတမ်းအတွင်း ဝန် ဦးအောင်ကျော်စိုးက ဝန်ထမ်း များအနေဖြင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ လုပ်ကိုင် ဆောင်ရွက်ရေး၊ ကာကွယ်ဆေး အပြည့်အဝထိုးနှံရေး၊ ပြည်တွင်း လေကြောင်းလိုင်းများဖြင့် သွားလာ ကြသည့် နိုင်ငံသားများအား နိုင်ငံသားကတ် (မှတ်ပုံတင်) စစ်ဆေးမည့်အစီအစဉ်၊ ဝန်ထမ်း ကျင့်ဝတ်နှင့်အညီ ကျင့်ကြံနေထိုင် ၍ လုံခြုံမှုအဆင့်ရှိ စာရွက်စာတမ်း များ စနစ်တကျ ထိန်းသိမ်းရေး ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း ပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံ အတွင်း အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက် သွားလာနေကြသည့် နိုင်ငံခြားသားများနှင့် ပတ်သက် သည့် နိုင်ငံခြားသား ထိန်းသိမ်း ရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပါကြောင်း။
နိုင်ငံခြားသားများ၊ မြန်မာ နိုင်ငံသားများ နိုင်ငံအတွင်း ဝင်ရောက်ရာတွင် လွယ်ကူ ချောမွေ့စေရေးအတွက် နိုင်ငံ တကာလေကြောင်းခရီးစဉ်များကို ယာယီ ကန့်သတ်ထားရာမှ လာ မည့် ဧပြီ ၁၇ ရက်မှစ၍ ပြည်ဝင် ဗီဇာနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပုံမှန် ပြန်လည် ပြေးဆွဲခွင့်ပြုမည်ကို သက်ဆိုင်ရာမှ ထုတ်ပြန်ထား ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် လည်း ခွင့်ပြုချက်အရ ဧပြီ ၁ ရက် မှစ၍ e-Visa စနစ်ဖြင့် Business Visa ( လုပ်ငန်းဗီဇာ )ကို စတင် လျှောက်ထားခွင့်ပြုကြောင်း ထုတ် ပြန်ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းသို့ ပြည်ပလေကြောင်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲ ခွင့်ပြုရာတွင် မိမိတို့ဌာနမှ အပြည် ပြည်ဆိုင်ရာလေဆိပ် တာဝန်ကျ ဝန်ထမ်းများအနေဖြင့် လိုအပ် သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုအပ် ပါကြောင်း၊ လူဝင်မှုစစ်ဆေးရေး လုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးနှင့် ခရီးသွားများအတွက် ထိရောက်သော ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် အဘက်ဘက် က ဖြည့်ဆည်းဆောင်ရွက်ထားကြ ရမည် ဖြစ်ပါကြောင်း၊ ခရီးသွား များအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံ ဆောင်ရွက်ကြရန်နှင့် မိမိတို့၏ ဆက်ဆံဆောင်ရွက်မှု သည် နိုင်ငံ၏ပြယုဂ်ဖြစ်သည်ကို အလေးဂရုပြုကြစေလိုကြောင်း၊ အခြားသော ဆက်စပ်ဌာနအဖွဲ့ အစည်းများနှင့်လည်း ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များကို အချိန် မီ တင်ပြဆောင်ရွက်ကြရန်ဖြစ်ပါ ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် နေပြည်တော်အပြည် ပြည်ဆိုင်ရာလေဆိပ် ပြည်ပ ထွက်ခွာနေရာရှိ လူဝင်မှုစစ်ဆေး ရေးကောင်တာများ၊ ဆိုက်ရောက် ဗီဇာ (Visa on Arrival) ကောင်တာ နှင့် ပြည်ပဆိုက်ရောက်နေရာရှိ လူဝင်မှုစစ်ဆေးရေး ကောင်တာ များကို လှည့်လည်ကြည့်ရှုစစ်ဆေး ရာ (အပေါ်ပုံ) တာဝန်ရှိသူများက ခရီးသည်များအတွက် လူဝင်မှု စစ်ဆေးဆောင်ရွက်မည့် အခြေ အနေများကို လိုက်လံရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လုံခြုံရေးသတိ၊ ကျန်းမာရေးအသိ တို့ဖြင့် ဂရုပြုဆောင်ရွက်ကြရေး မှာကြားကာ လုပ်ငန်းလိုအပ်ချက် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်