ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ မကွေး-နေပြည်တော် လမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များ၌ ခရီးသွားပြည်သူများအား နိုင်ငံသားကတ်(မှတ်ပုံတင်) ပါရှိခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဧပြီ   ၃ 


လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် နိုင်ငံသားအားလုံး ဥပဒေအရ ကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်း ကို   နိုင်ငံတစ်ဝန်း  ပန်းခင်းစီမံချက်ဖြင့်  ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားတိုင်း နိုင်ငံသား ကတ် (မှတ်ပုံတင်) ကိုင်ဆောင်နိုင်ရေးနှင့် မရှိသေးသူ များ  မဖြစ်မနေဆောင်ရွက်နိုင်ရေး  ရည်ရွယ်ချက်ဖြင့် အများပြည်သူ ခရီးသွားလာရာတွင်ဖြစ်စေ၊ တည်းခို နေထိုင်ရာတွင်ဖြစ်စေ၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့်    လုပ်ငန်းများတွင်ဖြစ်စေ တရားဝင်ထုတ်ပေးထားသော      နိုင်ငံသားကတ် (မှတ်ပုံတင်)ကို   ဧပြီ  ၁ ရက်မှစတင်   စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

 


ကြည့်ရှုစစ်ဆေး


ထိုသို့ဆောင်ရွက်လျက်ရှိရာ လူဝင်မှုကြီးကြပ်ရေး နှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန် နေ့ ညနေပိုင်းတွင် ဧရာဝတီတံတား(မကွေး) မင်းဘူး ဘက်ခြမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ သွားရောက်၍ တာဝန်ရှိသူများက ခရီးသွားပြည်သူများကို နိုင်ငံသား ကတ်(မှတ်ပုံတင်)ပါရှိခြင်း    ရှိ/မရှိ     စစ်ဆေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူ များကို စစ်ဆေးဆောင်ရွက်ခြင်းကြောင့်  ခရီးသွား လာမှု  ကြန့်ကြာမှုမရှိစေရေးနှင့်  ခရီးသွားများအား ယဉ်ကျေးပျူငှာစွာ  ဆက်ဆံဆောင်ရွက်၍  လိုအပ် သည်များကို  ကူညီဆောင်ရွက်ပေးရေး၊  နိုင်ငံသား ကတ် (မှတ်ပုံတင်)   မပါလာသူများနှင့်   မပြုလုပ်ရ သေးသူများအတွက်  ဆောင်ရွက်ရမည့်  နည်းလမ်း များကို  အသေးစိတ်မှာကြားကာ  လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး  ခရီးသွားပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ နိုင်ငံသားကတ်စစ်ဆေး ရသည့်ရည်ရွယ်ချက်၊ ကတ်ပြား၏ အသုံးဝင် တန်ဖိုး နှင့် စနစ်တကျ ကိုင်ဆောင်နိုင်ရေး အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 


ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့ မကွေး-တောင်တွင်းကြီးလမ်း  ကံပြား စစ်ဆေးရေးဂိတ်၌  တာဝန်ရှိသူများက  ခရီးသွား ပြည်သူများကို နိုင်ငံသားကတ်(မှတ်ပုံတင်)ပါရှိခြင်း ရှိ/မရှိ   စစ်ဆေးဆောင်ရွက်နေမှုကို  သွားရောက် ကြည့်ရှုစစ်ဆေးကာ   လုပ်ငန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လိုအပ်သည်များ     ဖြည့်ဆည်းဆောင်ရွက်ပေး သည်။

 


ယင်းနောက်     ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်-ကံပြားလမ်း၊  မြို့သစ်နှင့် တောင်တွင်း ကြီးလမ်းခွဲရှိ ဆောက်လုပ်ရေးဧည့်ခန်းမ၌  ပူးပေါင်း စစ်ဆေးရေးဆောင်ရွက်နေသည့်  ဌာနဆိုင်ရာဝန်ထမ်း များနှင့်   ခရီးသွားပြည်သူများအား  တွေ့ဆုံကာ နိုင်ငံသားတိုင်း  နိုင်ငံသားကတ်(မှတ်ပုံတင်)   ရရှိ ကိုင်ဆောင်နိုင်ရေးအတွက်  ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  နိုင်ငံသားကတ် ကို ယခင် မိုးပွင့်စီမံချက်ဖြင့်  ကတ်ပြား  ၈ ဒသမ ၄  သန်းကျော်၊  သစ္စာစီမံချက်ဖြင့်  ၆ ဒသမ ၂ သန်း ကျော်၊   ယခုပန်းခင်းစီမံချက်ဖြင့် ၃   သန်းခန့် ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း။

 


သို့သော်လည်း မပြုလုပ်ရသေးသူများ  ကျန်ရှိ နေသေးသည့်အတွက်   ပြည်သူများအား  အသိပေး နှိုးဆော်သည့်အနေဖြင့် ယခုကဲ့သို့ စစ်ဆေးရေးဂိတ် များနှင့်  တည်းခိုနေထိုင်ရာ  နေရာများ၊  နိုင်ငံသား ကတ်ပြသဆောင်ရွက်ရသည့်  လုပ်ငန်းများတွင် နိုင်ငံသားကတ် ပါ/မပါ  စစ်ဆေးဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။

 


အလေးထားဆောင်ရွက်


ယင်းကဲ့သို့ နိုင်ငံသားကတ် (မှတ်ပုံတင်) စစ်ဆေး မည့် အသိပေးကြေညာချက်ကိုလည်း အများပြည်သူ သိရှိစေရန်လွန်ခဲ့သည့်   သုံးပတ်ခန့်မှ  စတင်ကာ မီဒီယာများမှ ကြေညာခြင်း၊ အသိပေးဆိုင်းဘုတ်များ စိုက်ထူ အသိပေးခြင်းစသည်တို့ကို  ဘက်ပေါင်းစုံမှ  ဆောင်ရွက်ခဲ့ပါကြောင်း၊ စစ်ဆေးရေး ဆောင်ရွက်နေ သူများအနေဖြင့်  အများပြည်သူ  ခရီးသွားလာမှု အနှောင့်အယှက်  မဖြစ်စေရေး၊  လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးလုပ်ငန်းကို             မထိခိုက်စေရေး စနစ်တကျစစ်ဆေးရန်နှင့် နိုင်ငံသားကတ်ပါရှိခြင်း ရှိ/မရှိ ပြသစေခြင်းသာ    ဆောင်ရွက်ကြရန်ဖြစ်ပါ ကြောင်း၊   မပါရှိသူများကို   မှတ်တမ်းထားရှိကာ မပြုလုပ်ရသေးပါက        သက်ဆိုင်ရာရုံးများသို့ ဆက်သွယ်ဆောင်ရွက်ရန်နှင့်  နောင်အစစ်ဆေးခံ နိုင်ရန်  ယူဆောင်လာရေးရှင်းလင်းချပြကြရန် ဖြစ်ပါ ကြောင်း၊  နိုင်ငံသားကတ်၏  အသုံးဝင်တန်ဖိုးကို မသိကြဘဲ   အဆင်ပြေသလို   ထောက်ခံစာဖြင့် သွားလာဆောင်ရွက်နေကြသည်ကို ခွင့်မပြုတော့ဘဲ နိုင်ငံသားကတ်ရှိမှ ဖြစ်မည်ဆိုသည့် အသိရရှိစေရေး အလေးထား       ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ရှင်းလင်းပြောကြားကာ  စစ်ဆေးရေးဂိတ်၌ ခရီးသွား ပြည်သူများအား  တာဝန်ရှိသူများက  လိုအပ်သည့် စစ်ဆေးရေးလုပ်ငန်းများ                ဆောင်ရွက်နေမှု၊ နိုင်ငံသားကတ်(မှတ်ပုံတင်)     စစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

 


ထိုမှတစ်ဆင့်        ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုနယ်မြေ  (နေပြည်တော်)    အဝင် တောင်ညိုစစ်ဆေးရေးဂိတ်၌ ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဝင်များက  ခရီးသွားပြည်သူများ  နိုင်ငံသား ကတ်(မှတ်ပုံတင်)ပါရှိခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက် နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ      မှာကြားကာ     လုပ်ငန်းလိုအပ်ချက်များ  ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း       သတင်းရရှိ   သည်။ 


သတင်းစဉ်