ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဝန်ကြီးဌာန၏ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်ရေး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်

 

 

နေပြည်တော်   ဇူလိုင်   ၁၂ 


သယံဇာတနှင့်    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန Coronavirus Disease 2019 (COVID-19)  ကာကွယ်၊ ထိန်းချုပ်ရေး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏  (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင်   ရုံးအမှတ်-၂၈ ၌    ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ   ညွှန်ကြားချက်များနှင့်အညီ   ကျင်းပ သည်။ 
အခမ်းအနားသို့  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်း ဝန်၊    ဒုတိယအမြဲတမ်းအတွင်းဝန်များ   တက်ရောက်ပြီး   ဦးစီးဌာန၊ လုပ်ငန်းနှင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးချုပ်များနှင့်  ပါမောက္ခချုပ် တို့က Online စနစ်ဖြင့်တက်ရောက်သည်။
ရှေးဦးစွာ      ပြည်ထောင်စုဝန်ကြီးက     သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ရုံး၊ စက်ရုံအလုပ်ရုံ၊ လုပ်ငန်း ခွင်၊    ဝန်ထမ်းအိမ်ရာများတွင်   တာဝန်ထမ်းဆောင်၊ နေထိုင်ကြသည့် ဝန်ထမ်းများတွင် ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေးနှင့် ဌာနလုပ်ငန်း ယန္တရားလည်ပတ်မှု   ထိခိုက်မှုမရှိစေရေးအတွက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော     လမ်းညွှန်ချက်၊ ညွှန်ကြားချက်များအပေါ် အလေးထားပြီး တိကျစွာလိုက်နာရန် လိုအပ် ကြောင်း၊    ဝန်ကြီးဌာနအဆင့်၊   ဦးစီးဌာန၊ လုပ်ငန်း၊   သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်အဆင့်၊      နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အလိုက် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ များ ဖွဲ့စည်းဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့် ပတ်သက် ၍    တိကျစွာ   လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ညွှန်ကြားချက် တစ်ချက်ချင်းအလိုက်   အသေးစိတ်လိုက်နာရန်ကိစ္စများကို  ရှင်းလင်း ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက  လိုအပ်ချက်များကို   ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်