
ရန်ကုန် အောက်တိုဘာ ၃
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Nyingchi မြို့၌ အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် တတိယအကြိမ်မြောက် ဟိမဝန္တာ တောင်တန်းများဒေသ နိုင်ငံများ အကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်သို့ တက်ရောက်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည်။
ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့အား ဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ယခုကျင်းပမည့်ဖိုရမ်ကို ဟိမ ဝန္တာတောင်တန်းဒေသ နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက် မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လူသားများနှင့် သဘာဝတရားအကြား သဟဇာတ ဖြစ်သော ဖွံ့ဖြိုးမှု၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှု စသည့် ကဏ္ဍ သုံးခုကို ချိတ်ဆက်ပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံ ပေါင်း ၁၂ နိုင်ငံမှ ကိုယ်စားလှယ် ၃၀၀ ခန့် တက်ရောက်မည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်