ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သစ်တောသုတေသနဌာနနှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်များအတွင်း လုပ်ငန်းဆောင်ရွက်မှုများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော်    စက်တင်ဘာ    ၁


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဒုတိယဝန်ကြီး ဦးမင်းမင်းဦးနှင့်အတူ ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ရေဆင်းရှိ သစ်တောသုတေသနဌာနသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။


နည်းပညာများ မျှဝေ

ကြည့်ရှုစစ်ဆေးစဉ်     ပြည်ထောင်စုဝန်ကြီးက သုတေသနဌာနသည် အရေးကြီးသည့်ဌာနတစ်ခု ဖြစ်သည်နှင့်အညီ  သုတေသနလုပ်ငန်း၏ ရလဒ်များ အတိုင်း မြေပြင်တွင် လက်တွေ့အကောင်အထည် ဖော်ရမည်ဖြစ်သောကြောင့်      Research and Development ဖြစ်နေရမည်ဖြစ်ကြောင်း၊ ထင်း အစားထိုး        အခြားလောင်စာသုံးစွဲရေးအတွက် စွမ်းအားမြှင့်မီးဖိုများနှင့်ပတ်သက်၍    သုတေသန လုပ်ငန်းများ  ပိုမိုဆောင်ရွက်ပြီး အရည်အသွေး တိုးတက်မြင့်မားလာစေရန်        ပြုလုပ်ရမည်ဖြစ် ကြောင်း၊ Tissue Culture နည်းဖြင့် ပျိုးပင်များ ပျိုးထောင်ခြင်းကို  တိုးတက်အောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝါး၊ ကြိမ်နှင့်ပတ်သက်၍ သုတေသန  လုပ်ငန်းများ   ပိုမိုပြုလုပ်၍   နည်းပညာများ  မျှဝေ သွားရန်လိုကြောင်း မှာကြားသည်။


ဆက်လက်၍     ပြည်ထောင်စုဝန်ကြီးသည် ပရဆေးဥယျာဉ်နှင့် Biodiversity Research Center ၊ ပန်းပုံစံပြတိုက် (Herbarium)၊ မြေဓာတ်ခွဲခန်း(Soil Lab)၊ တစ်သျှူးဓာတ်ခွဲခန်း (Mobile Tissue Lab)၊ ဝါးပြခန်းနှင့်  လူသုံးနည်းသစ်မျိုးများဖြင့် ပြုလုပ် ထားသော   ပရိဘောဂပြခန်း၊   Water Quality Laboratory နှင့် ဆောင်ရွက်ဆဲ သစ်မျိုးစုံဥယျာဉ် စီမံကိန်းအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည် များ လမ်းညွှန်မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်တော နှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ရှိ ကျောင်းသား ၁၅၀ ဆံ့ သုံးထပ်အမျိုးသားအဆောင် ဆောက်လုပ် နေမှုကို ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်တာဝန်ရှိသူ များနှင့်တွေ့ဆုံ၍     လိုအပ်သည်များ   မှာကြားခဲ့ ကြောင်း သိရသည်။                        

 

  သတင်းစဉ်