
နေပြည်တော် ဇွန် ၂၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် မင်းစုံအပတောရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တည်ထောင်ထားသော ၁/၂၀၂၀ ကျေးရွာသုံးထင်းစိုက်ခင်း ၄၅ ဧကနှင့် သစ်တောဦးစီးဌာနက တည်ထောင်ထား သော ကျေးရွာပိုင်ထင်းစိုက်ခင်း တစ်ရွာနှစ်ဧကတို့၏ ရှင်သန်အောင်မြင်မှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် နွားထိုးကြီးမြို့နယ်ရှိ သဘာဝထိန်းသိမ်းရေး နယ်မြေ တစ်ခုဖြစ်သည့် မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံအလယ် ပိုင်းရှိ အပူပိုင်းဇုန်ခြောက်သွေ့ တော ဂေဟစနစ်အတွင်းရှိ မြန်မာ့ဒေသရင်း မျိုးစိတ်များ၊ မျိုးသုဉ်းရန် အန္တရာယ်ကျရောက် နေသော သားငှက်တိရစ္ဆာန်များ ကျက်စားရာ မူလနေရင်းဒေသ ဖြစ်သည့် မင်းစုံတောင် ရေရှည် တည်တံ့စေရေးနှင့် စိမ်းလန်း စိုပြည်စေရေး၊ ဒေသခံပြည်သူတို့ အတွက် သဘာဝသယံဇာတ အရင်းအမြစ်များ စဉ်ဆက်မပြတ် ရရှိစေရေးနှင့် မြန်မာ့ကြယ်လိပ် များ မျိုးသုဉ်းပျောက်ကွယ် မသွားစေဘဲ ရေရှည်တည်တံ့စေ ရေးအတွက် ထိန်းသိမ်းစောင့် ရှောက်သွားရေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ကျောက်ဆည် မြို့နယ် ရဒါန်းချောင်းဆုံကြိုးဝိုင်း အကွက်အမှတ် ၅၊ ၁၇၊ ၁၈ အတွင်း ရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာနက တည်ထောင် ထားသော ၄/၂၀၂၁ အထူးစိမ်း တစ်အုပ်တစ်မ သစ်ပင် ၁၃၉၀၊ ၁/၂၀၂၁ ကျေးရွာသုံးစိုက်ခင်း ဧက ၂၀ ၊ ၁/၂၀၂၀ ကျေးရွာသုံးစိုက်ခင်း ၂၅ ဧက၊ ၃/၂၀၂၀ အခြားစိုက်ခင်း ၃၅ ဧက၊ ၄/၂၀၂၀ အထူးစိမ်း အပင် ၃၀၀၀ နှင့် ၃/၂၀၂၁ အခြား စိုက်ခင်း ၂၅ ဧက၏ ရှင်သန် အောင်မြင်နေမှုများကို လည်း ကောင်း၊ ရဒါန်းချောင်းဆုံကြိုးဝိုင်း အကွက်အမှတ် ၁၆၊ ၁၇ အတွင်းရှိ သစ်တောဦးစီးဌာနက တည် ထောင်ထားသည့် ၃/၂၀၁၉ ဂေဟ စနစ်ဖြည့်တင်းရေး စိုက်ခင်း ၆၅ ဧက၊ ၂/၂၀၂၀ ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း ၇၉ ဧက ၏ ရှင်သန်အောင်မြင်နေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ပြည်ထောင်စု ဝန်ကြီးသည် ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံးတွင် မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်တွေ့ဆုံ၍ ၂၀၂၁ မိုးရာသီ၌ မန္တလေးတိုင်းဒေသကြီး အတွင်း လမ်းဘေးဝဲယာ တစ်အုပ် တစ်မစိုက်ပျိုးမည့် အစီအမံများ၊ ကျေးရွာသုံး ထင်းစိုက်ခင်းများ တည်ထောင်မည့် အစီအမံများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကိစ္စရပ်များ၊ သတ္တုကဏ္ဍ ဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ကြီးဌာန နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီတို့ အပြန်အလှန် ပေါင်းစပ် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရာ တက်ရောက် လာသူများက လက်ရှိဆောင်ရွက် နေသော လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီ အစဉ်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်