
နေပြည်တော် ဒီဇင်ဘာ ၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ်ဇီးပင်ကြိုးဝိုင်းရှိ ၁/၁၉၈၄ ကျွန်း၊ ထင်းရှူးသက်ကြီး စိုက်ခင်းဧက ၅၅၀ ကို ထိန်းသိမ်းဆောင်ရွက် ထားမှုနှင့် ဇီးပင်ကြိုးဝိုင်း အကွက် အမှတ် (၁) ရှိ ၂၀၁၆ ခုနှစ် ကြီးမြန် ယမနေနှင့် ယူကလစ် ပုဂ္ဂလိက စိုက်ခင်း ၃၅ ဧကရှိ ကြီးမြန်သစ် မျိုးများ၏ ရှင်သန်ကြီးထွားမှုကို ကြည့်ရှုစစ်ဆေးပြီး သက်ကြီး စိုက်ခင်းများ ရေရှည်တည်တံ့ အောင် ကာကွယ်ထိန်းသိမ်းရေး နှင့် ဒေသနှင့် ကိုက်ညီသော ကြီးမြန်သစ်မျိုး စိုက်ခင်းများ တိုးချဲ့တည်ထောင်ရေး မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် သစ်တောဦးစီးဌာန နောင်ချိုမြို့နယ် ဘန့်ဘွေး သစ်တောရုံးရှိ လိပ်ကယ်ဆယ်ရေး စခန်းအတွင်း တရားမဝင် သယ်ယူမှုများမှ ဖမ်းဆီးရမိသော လိပ်ကြက်တူရွေး၊ လိပ်ဝါ၊ လိပ် မောင်း၊ လိပ်ပုပ်၊ လိပ်မဲကြီး၊ ရခိုင်လိပ် လိပ်မျိုး ခြောက်မျိုး၊ ကောင်ရေ ၆၀၁ ကောင်ကို ထိန်းသိမ်းစောင့်ရှောက်မှု ဆောင် ရွက်နေသည်ကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ(ဝဲပုံ) တာဝန် ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ၁/၁၉၈၂ သက်ကြီးပျဉ်းကတိုး စိုက်ခင်း ဧက ၂၅၀ ကို ထိန်းသိမ်း ဆောင်ရွက်ထားမှုနှင့် ဘန့်ဘွေး အမြဲတမ်း ပျိုးဥယျာဉ်ရှိ ၂၀၂၃ မိုးရာသီအတွင်း လူထုဖြန့် စိုက်ပျိုး ဆောင်ရွက်သွားမည့် သစ်မျိုး ၁၀ မျိုးဖြင့် ပျိုးပင် ၅၀၀၀၀ ကျော် ပျိုးထောင်ထားရှိမှု ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်