ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် “ပြည်သူ့ရေးရာမူဝါဒနှင့် သုတေသနနည်းစနစ်”သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် “ပြည်သူ့ရေးရာမူဝါဒနှင့် သုတေသနနည်းစနစ်”သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

========================================================================

 

နေပြည်တော် ဒီဇင်ဘာ ၁၄

 

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာရှဖောင်ဒေးရှင်း (The Asia Foundation)တို့ ပူးပေါင်းစီစဉ်မှုဖြင့် ကျင်းပသည့် ပြည်သူ့ရေးရာမူဝါဒနှင့် သုတေသနနည်းစနစ် (Public Policy and Basic Research Methodology) ဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁၂ နာရီ ခွဲတွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ Zoom Application Platform စနစ်ဖြင့် ကျင်းပ သည်။

 

သင်တန်းဖွင့်အမှာစကား ပြောကြား

 

သင်တန်းဖွင့်ပွဲတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က Zoom Online Platform မှတစ်ဆင့် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် အာရှဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Mark McDowell က သင်တန်းဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

 

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သင်တန်းပို့ချမည့် ဆရာများဖြစ်သည့် Sandhi Governance Institute မှ နည်းပြဆရာ ဦးခိုင်ဝင်း၊ နည်းပြဆရာမ ဒေါ်နီလာမြိုင်တို့နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနမှ သင်တန်းသား သင်တန်းသူ ၃၁ ဦး အွန်လိုင်းမှ တစ်ဆင့် တက်ရောက်ကြသည်။

 

အဆိုပါသင်တန်းကို ဒီဇင်ဘာ ၁၈ ရက်အထိ အွန်လိုင်းစနစ်ဖြင့် ငါးရက် ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်