ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဝန်ထမ်းအိမ်ရာသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

 

ရန်ကုန်   မတ်    ၆


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ  (ရန်ကုန်) (၆) ခန်းတွဲ (၁) ထပ်ဆောင်  ဝန်ထမ်းအိမ်ရာသစ် ဖွင့်ပွဲအခမ်းအနားကို မတ် ၆ ရက်  နံနက် ၉ နာရီတွင်  ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဝင်းအတွင်း၌ ကျင်းပရာ  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်း၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်  ညွန့်ဝင်းဆွေ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသူများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။

 


ရှေးဦးစွာ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)       ဝန်ထမ်းအိမ်ရာသစ်    အဆောက်အအုံ အား ပြည်ထောင်စုဝန်ကြီး  ဦးစောထွန်းအောင်မြင့်၊    ရန်ကုန်တိုင်းဒေသကြီး    ဝန်ကြီးချုပ်     ဦးစိုးသိန်း၊    တိုင်းမှူး     ဗိုလ်ချုပ်    ညွန့်ဝင်းဆွေ၊    ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့်   တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး နှင့်      ဥပဒေချုပ်တို့က အိမ်ရာအဆောက်အအုံသစ် အား  ဖဲကြိုးဖြတ်  ဖွင့်လှစ်ပေးသည်။  ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့သည် ဝန်ထမ်းအိမ်ရာ        အဆောက်အအုံသစ်အား       လှည့်လည်ကြည့်ရှု ကြသည်။ 

 


ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည်      ပြည်ထောင်စုတိုင်းရင်းသား     ကျေးရွာ (ရန်ကုန်) ဝင်းအတွင်းရှိ သက္ကညီနောင်   စေတီတော် မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကာ ပန်း၊ ရေချမ်း၊   ဆီမီးများ     ကပ်လှူပူဇော်ခဲ့ပြီး        စရီမလိုက်ယာလဲ ကာလီယမ္မာန်ဘုရားကျောင်းတွင်  ဟိန္ဒူဘာသာဝင် များ  ဝတ်ပြုဆုတောင်းခြင်း အခမ်းအနားသို့ ပါဝင် တက်ရောက်သည်။   ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်) အတွင်းရှိ  ရတနာလမ်းဝင်ပေါက် ဂိတ်ကို  အဆင့်မြှင့်တင်   ဆောင်ရွက်မည့်နေရာနှင့်  ကားရပ်နားရန်  တည်ဆောက်မည့်    နေရာတို့ကို     လည်းကောင်း၊        တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု နေအိမ်ပြခန်းများနှင့်      မြစ်ကြောင်းမှတစ်ဆင့်   တိုင်းရင်းသားကျေးရွာသို့       ဧည့်သည်တော်များ  အလွယ်တကူဝင်ရောက်နိုင်ရေးအတွက် ဆိပ်ခံဗော တံတားတည်ဆောက်မည့် နေရာတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး        လိုအပ်သည် များကို မှာကြားသည်။ 

 


ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည်       ပြည် ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)  အစည်း အဝေးခန်းမတွင်    တိုင်းဒေသကြီး    ဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ်  တိုင်းမှူးနှင့် တာဝန်ရှိသူများနှင့်    တွေ့ဆုံပြီး အမှာစကားပြောကြားရာတွင် ပွင့်လင်း ရာသီဝန်ဆောင်မှု မြှင့်တင်ရေး ဆောင်ရွက်မှုအနေဖြင့် ပြည်ထောင်စု   တိုင်းရင်းသားကျေးရွာ   (ရန်ကုန်) အတွင်း ပြည်သူများ စိတ်ချမ်းသာစွာ လာရောက် အပန်းဖြေနိုင်ရန်အတွက် ကျေးရွာအတွင်း Wifi Free    များ တပ်ဆင်ပေးထားပါကြောင်း၊ အများပြည်သူ လုံခြုံရေးအတွက်  CCTV  များလည်း  တပ်ဆင်ဆောင် ရွက်ထားလျက်   ရှိပါကြောင်း၊   အပတ်စဉ်  စနေ၊  တနင်္ဂနွေနေ့များတွင် တိုင်းရင်းသားရိုးရာယဉ်ကျေး မှု  အကအလှများ၊ တေးသီချင်းများဖြင့်  ဖျော်ဖြေ တင်ဆက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 


ဆက်လက်၍   ပြည်ထောင်စု   တိုင်းရင်းသား ကျေးရွာ  (ရန်ကုန်) တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး  ဦးမျိုးဝင်းက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေ အနေများအား ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်    ဦးစိုးသိန်းနှင့်   ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ တို့က ပြည်ထောင်စု    တိုင်းရင်းသားကျေးရွာ    (ရန်ကုန်)  ဝန်ဆောင်မှုမြှင့်တင်ရေး  အစီအစဉ်များ၊ လုံခြုံရေး ကိစ္စများ၊အများပြည်သူများ    ပိုမိုဝင်ရောက်လာအောင် အကောင်အထည်ဖော်ရမည့်       လုပ်ငန်းများကို အကြုံပြုဆွေးနွေးကြပြီး   ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည်      ပြည်ထောင်စု    တိုင်းရင်းသားကျေးရွာ  (ရန်ကုန်) ဝန်ဆောင်မှုမြှင့်တင်ရေး  အထိမ်းအမှတ်  လှေလှော်ပြိုင်ပွဲသို့ တက်ရောက် ကြည့်ရှုအားပေး ကြသည်။ အဆိုပါလှေလှော်ပြိုင်ပွဲသို့ တိုင်းရင်းသား ရိုးရာအသင်းများ၊ မြန်မာနိုင်ငံ  လှေလှော်အဖွဲ့ချုပ်မှ         အားကစားသမားများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ကြ သည်။ ယင်းနောက် လှေလှော်ပြိုင်ပွဲ  ဆုရရှိသူများ ကို   ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဒိုင်းဆုများနှင့် ချီးမြှင့်ငွေများ  ပေးအပ်ခဲ့သည်။    

 


ယနေ့ အများပြည်သူရုံးပိတ်ရက် တနင်္ဂနွေနေ့ တွင်  ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ  (ရန်ကုန်)  သို့   ဧည့်သည်   ၃၄၀၀   ကျော်တို့  လာရောက် အပန်းဖြေကြကြောင်း သိရသည်။  

    
  သတင်းစဉ်