ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တာဝန်ရှိသူများကို လက်ခံတွေ့ဆုံ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၆


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည်  ဖေဖော်ဝါရီ  ၁၅  ရက်    မွန်းလွဲ ၁ နာရီ တွင်  ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ  ဒုတိယဥက္ကဋ္ဌများ   ဖြစ်ကြသော  ဦးဇော်ဇော်နိုင်၊     ဦးအောင်ဇော်ဝင်း၊     အထွေထွေ       အတွင်းရေးမှူး  ဦးမောင်မောင်တင်နှင့် တာဝန်ရှိ သူများကို   တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန   အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီး ကာကွယ်ရေး၊    ကျန်းမာရေးဆိုင်ရာ      ညွှန်ကြားချက်များနှင့် အညီ လက်ခံတွေ့ဆုံသည်။

 


ပထမဦးစွာ    ပြည်ထောင်စု ဝန်ကြီးက   နိုင်ငံတော်အနေဖြင့်် ဘာသာပေါင်းစုံ    လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်မှု      ပြုထားပါ ကြောင်း၊       ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး   အဖွဲ့အနေ ဖြင့် နိုင်ငံတော်၏  ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊    စီးပွားရေး ကဏ္ဍတို့တွင် တတ်နိုင်သည့်ဘက် မှ ဝိုင်းဝန်းကူညီ  ဆောင်ရွက်ကြ စေလိုပါကြောင်း၊    ရန်ကုန်တိုင်း ဒေသကြီးရှိ        ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ စည်ကား သိုက်မြိုက်စေရေးအတွက်လည်း ပံ့ပိုးကူညီစေလိုပါကြောင်း၊    နိုင်ငံ တော်စီမံအုပ်ချုပ်ရေး   ကောင်စီ သည် တိုင်းရင်းသားများ  စည်းလုံး ညီညွတ်ရေး၊ တိုင်းပြည် အေးချမ်း သာယာရေးအတွက်    အလေးထား ဆောင်ရွက်လျက်    ရှိပါကြောင်း၊ ကမ္ဘာပေါ်ရှိ       ဘာသာတရား အားလုံး၏အခြေခံသည်  မေတ္တာ တရားဖြစ်ပါကြောင်း၊    မေတ္တာ တရားမှတစ်ဆင့်    ငြိမ်းချမ်းရေး ရရှိပြီး  တိုင်းပြည်ဖွံ့ဖြိုးတိုးတက် လာနိုင်မည်ဖြစ်ပါကြောင်း၊ လိုအပ် ချက်များရှိပါကလည်း   အချိန် မရွေးတင်ပြနိုင်ပြီး   ကူညီဆောင် ရွက်ပေးမည်   ဖြစ်ပါကြောင်း ပြောကြားသည်။ 

 


ဆက်လက်၍ ဘာသာပေါင်းစုံ ချစ်ကြည်      ညီညွတ်ရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌများနှင့်   တာဝန်ရှိ သူများက     နိုင်ငံသားများ၏  လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊   အလုပ် အကိုင်  အခွင့်အလမ်းများရရှိရေး၊ ပညာရည်    မြင့်မားတိုးတက်ရေး၊ ငြိမ်းချမ်းရေးတွင်   အစိုးရမဟုတ် သော  အဖွဲ့အစည်းများမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို   ဆွေးနွေးတင်ပြ ကြပြီး  နိုင်ငံတော်ငြိမ်းချမ်းသာယာ ရေးအတွက် အတတ်နိုင်ဆုံး   ပံ့ပိုး ကူညီဆောင်ရွက်ပေးမည်    ဖြစ် ကြောင်း        ပြောကြားသည်။ ထို့နောက်   ပြည်ထောင်စုဝန်ကြီး က တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်း   ဆောင်ရွက်ပေးကြောင်း သိရသည်။    

         
   သတင်းစဉ်