
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ်အတွင်းရှိ ဂူနှစ်လုံးဆယ်စုကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာသို့ ခရီးစဉ်ဒေသအသစ် ဖော်ဆောင်နိုင်ရေး ကွင်းဆင်းလေ့လာကြည့်ရှု
================================================================================================================
နေပြည်တော် ဇန်နဝါရီ ၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ နေပြည်တော်ကောင်စီဝင်(၂) ဦးတင်ထွန်းနှင့် တာဝန်ရှိသူ များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စု နယ်မြေ ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ်အတွင်းရှိ ဂူနှစ်လုံး ဆယ်စုကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာတို့သို့ သင့်လျော် သည့် ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးအတွက် ကွင်းဆင်လေ့လာကြည့်ရှုသည်။
ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် အဖွဲ့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက် များနှင့်အညီ ဂူနှစ်လုံး ဆယ်စုကျေးရွာအနီးရှိ ကုန်းတော်ပေါ်ဂူနှစ်လုံးနှင့် အောင်မင်္ဂလာကျေးရွာအနီးရှိ ရွှေအင်းလျောင်းအင်းသို့ သွားရောက်လှည့်လည်ကြည့်ရှု လေ့လာခဲ့ပြီး ရွှေအင်းလျောင်းအင်းရေပြင်ကို သဘာဝ အတိုင်းမပျက်စီးစေဘဲ သန့်ရှင်းသာယာလှပစေရန် ပြုပြင် မွမ်းမံ၍ ခရီးသွားပြည်သူများ လာရောက်အပန်းဖြေ လည်ပတ် နိုင်ရန် ဆောင်ရွက်နိုင်ပါကြောင်း ဒေသခံ ရပ်မိရပ်ဖများအား ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် NAYPYITAW CITY PARK စီမံကိန်းအား သွားရောက်လေ့လာသည်။
အဆိုပါစီမံကိန်းသည် ကလေးကစားကွင်း၊ Shopping Mall ၊ စားသောက်ဆိုင်များနှင့် Bar များဖြင့် ပြည်တွင်း ပြည်ပခရီးသွားများ အပါအဝင် အများပြည်သူများ အပန်းဖြေ အနားယူနိုင်ရေး ရည်ရွယ်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
ဂူနှစ်လုံးဆယ်စုကျေးရွာအုပ်စုနှင့် အောင်မင်္ဂလာ ကျေးရွာတို့သည် လယ်ဝေးမြို့နယ်မှ ၁၂ မိုင်ခန့်အကွာ တွင် တည်ရှိပြီး ဒေသခံများအနေဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် လယ်ယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်