ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားအား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဧပြီ    ၆


လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးအောင်သန်းဦးသည်  ယနေ့  ညနေ  ၆ နာရီတွင်      မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး  မစ္စတာ ဗီနေးကူးမား အား အဆိုပါဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်    မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းဆိုင်ရာကိစ္စရပ်များ၊  ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းဆိုင်ရာကိစ္စရပ်များ၊   ရေနံနှင့်   သဘာဝဓာတ်ငွေ့လုပ်ငန်းများ၌   ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍  ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်