
နေပြည်တော် ဇွန် ၂၇
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် သန်းဦးသည် ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အမှတ်(၁) ရေနံချက် စက်ရုံ (သန်လျင်)၊ သီလဝါ ဓာတ်အားပေးစက်ရုံနှင့် ၂၃၀ ကေဗွီ သီလဝါ ဓာတ်အားခွဲရုံတို့သို့ ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် သန်လျင် မြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်း၊ အမှတ်(၁) ရေနံချက် စက်ရုံဝင်းအတွင်းရှိ စက်ဆီ/ချောဆီရောစပ်စက်ရုံသို့ ရောက်ရှိ ရာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့် တာဝန်ရှိသူများ က လုပ်ငန်းများ ဆောင်ရွက် နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားခဲ့ပြီး စက်ဆီ/ချောဆီစက်ရုံအတွင်း ပြုပြင် မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ကျောက် တန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ သီလဝါ သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံဝင်းအတွင်းရှိ ၂၃၀ ကေဗွီ သီလဝါဓာတ်အားခွဲရုံသို့ရောက်ရှိရာ စက်ရုံမှူးက ဓာတ်အားပေးစက်ရုံနှင့် ဓာတ် အားခွဲရုံဆိုင်ရာ အချက်အလက် များ၊ ဓာတ်အားပေးစက်ကြီးများ မောင်းနှင်နေမှုနှင့် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုတို့ကို ရှင်းလင်းတင်ပြရာ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်း နိုင်ဦးနှင့် တာဝန်ရှိသူများက ဖြည့်စွက် ရှင်းလင်းတင်ပြကြ သည်။ တင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဓာတ် အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စက် စွမ်းအားပြည့် မောင်းနှင်နိုင်ရေး အတွက် ဓာတ်အားပေးစက်များ၊ ဓာတ်အားခွဲရုံများ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် စစ်ဆေးဆောင် ရွက်သွားရန်၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ဓာတ်အား ပြတ်တောက်မှု မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဓာတ်အားပေး စက်ရုံနှင့် ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်