ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Dr. Nikolay Listopadov အား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဇွန်   ၂၇


ဟိုတယ်နှင့်    ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည်     တာဝန် ပြီးဆုံး၍   ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ        ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Dr. Nikolay Listopadov အား ယနေ့   နံနက်ပိုင်းတွင်    အဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် နှစ်နိုင်ငံခရီးသွား လုပ်ငန်း  ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး၊ မြန်မာနိုင်ငံ ဟိုတယ်နှင့်     ခရီးသွားလုပ်ငန်း ၏ အလားအလာကောင်းများနှင့် အခွင့်အလမ်းကောင်းများ ခရီးသွား လုပ်ငန်းနှင့် သက်ဆိုင်သည့် ဖိုရမ် များ၊    အွန်လိုင်းဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားရေး၊ ရုရှား- မြန်မာ   Charter   Flight   များ ပြေးဆွဲနိုင်ရေးတို့နှင့်  စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ     အမြင်ချင်း ဖလှယ်ဆွေးနွေးကြပြီး    အမှတ် တရလက်ဆောင်     ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြောင်း သိရသည်။                

သတင်းစဉ်