ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့် အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

 

နေပြည်တော်  မေ   ၅


ဟိုတယ်နှင့်     ခရီးသွားလာရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊    ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်      တာဝန်ခံများသည် ယနေ့နံနက်ပိုင်းတွင်             ရုရှား ဖက်ဒရေးရှင်းနိုင်ငံ      စင်ကာပူနှင့် အရှေ့တောင်အာရှ     ဒေသလုံး ဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင် သော        ကိုယ်စားလှယ်အဖွဲ့ကို ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ၏    ဧည့်ခန်းမ၌    လက်ခံတွေ့ဆုံ သည်။

 


တွေ့ဆုံစဉ်    ပြည်ထောင်စု ဝန်ကြီးက ရှေးဦးစွာ နှုတ်ခွန်းဆက် စကားပြောကြားပြီး   အော်သိုဒေါ့ ဘုန်းတော်ကြီးက   နိုင်ငံတစ်နိုင်ငံ တွင် ဘာသာရေး အဆုံးအမသည် အရေးကြီးပြီး    ဘာသာရေးအဆုံး အမ မရှိလျှင် ပျက်စီး၊ ကျဆုံးမှုများ ရှိနိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်အများစု    မှီတင်း နေထိုင်ပြီး ဘာသာရေးအဆုံးအမ ရှိနေခြင်းမှာ   ကောင်းမွန်သော အခြေအနေ        ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ     ရုရှားလူမျိုးများ နှင့်     ရုရှားခရီးသွားများအတွက် အော်သိုဒေါ့    ဘုရားရှိခိုးကျောင်း တစ်ကျောင်း   တည်ထောင်နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ရုရှား လူမျိုးများအနေဖြင့်      ၎င်းတို့ သွားရောက်လည်ပတ်သော နိုင်ငံ များရှိ    ရုရှားအော်သိုဒေါ့ဘုရား ကျောင်းများသို့ သွားရောက်လေ့ရှိ ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရုရှား အော်သိုဒေါ့ ဘုရားကျောင်းရှိခြင်း ဖြင့် ရုရှားခရီးသွားဧည့်သည်များ ကို ဆွဲဆောင်မှု ဖြစ်စေမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ၏ ယဉ်ကျေး မှုနှင့်  သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝမှုက  ရုရှားခရီးသွား ဧည့်သည်များအတွက် ဆွဲဆောင်မှု ရှိနေပါကြောင်းနှင့်   ဝန်ကြီးဌာန အတွက်    ဆုမွန်တောင်းစကား ပြောကြားသည်။

 


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးက   ရုရှားလူမျိုးများသည် ဇွဲရှိ၊   ခိုင်မာမှုရှိပြီး   သမိုင်းတွင် အခက်အခဲများကို ကျော်ဖြတ်နိုင် ခဲ့မှုများအား     တွေ့ရှိရပါကြောင်း၊ ရုရှားအော်သိုဒေါ့    ဘာသာရေး အဖွဲ့အစည်းသည်လည်း     ဇွဲရှိ ခိုင်မာသော အဖွဲ့အစည်းတစ်ခုဖြစ် သည့်အတွက်      လေးစားရပါ ကြောင်း၊ မြန်မာနိုင်ငံရှိ လူဦးရေ အများစုသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသော်လည်း  ဘာသာရေး ခွဲခြားမှုမရှိဘဲ             လွတ်လပ်စွာ ကိုးကွယ်         ယုံကြည်ခွင့်ရှိပါ ကြောင်း၊ ယခုကဲ့သို့ ဝန်ကြီးဌာနသို့ လာရောက်တွေ့ဆုံသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊  မြန်မာ နိုင်ငံတွင်          ရုရှားအော်သိုဒေါ့ ဘုရားကျောင်း တည်ထောင်ခြင်း က မြန်မာ - ရုရှား    ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက် လာရေးအတွက်    အထောက်အပံ့ ဖြစ်စေမည်ဟု   ယုံကြည်ပါကြောင်း   ပြန်လည်ပြောကြားသည်။

 


ထို့နောက်         ပြည်ထောင်စု ဝန်ကြီးနှင့်   ရုရှားဖက်ဒရေးရှင်း နိုင်ငံ  စင်ကာပူနှင့်  အရှေ့တောင် အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ ဘုန်းတော်ကြီးတို့က အမှတ်တရ လက်ဆောင်ပစ္စည်းများ   အပြန် အလှန်ပေးအပ်ကြပြီး တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်း တင်      ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။          

      
သတင်းစဉ်