နေပြည်တော် ဇွန် ၇
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်အား မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး အမှုဆောင် ဥက္ကဋ္ဌ Mr. David Liu နှင့် အဖွဲ့ သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ သည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက် တရုတ်နိုင်ငံတွင် အသုံး များသော တစ်တော့ (Tiktok)၊ ကွိုက်ဇိုလ် (Kuaishou) ကဲ့သို့ လူမှုကွန်ရက်မီဒီယာ ပလက် ဖောင်းများတွင် Myanmar Pavilion အမည်ဖြင့် မြှင့်တင် ကြော်ငြာရေး၊ ၂၀၂၄ ခုနှစ်တွင် International Mountain Tourism ပွဲတော် ကျင်းပနိုင်ရေး၊ မြန်မာ - တရုတ် ချစ်ကြည်ရေး မြို့တော်များ ဆောင်ရွက်နိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်



