ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် စီးပွားရေးပြန်လည်ဦးမော့လာစေရေးအတွက် အစိုးရနှင့် လုပ်ငန်းရှင်များအားလုံး ပူးပေါင်းဆောင်ရွက်

 

 

တောင်ကြီး   ဇန်နဝါရီ   ၁၀
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက  တောင်ကြီး မြို့နယ် ပင်းပက်ဒေသရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရာနှုန်းပြည့် မြန်မာနိုင်ငံ သား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Shan Yoma Cement Co.,Ltd ၏ တစ်နေ့လျှင် တန်  ၁၀၀၀ ကျ စက်ရုံတည်ဆောက်ပြီး ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုလေ့လာသည်။ 
ထိုသို့ ကြည့်ရှုလေ့လာစဉ် ပြည်ထောင်စုဝန်ကြီး က   လုပ်ငန်းနှင့်ပတ်သက်သည့်   လိုအပ်သည်များ အကြံပြုညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး    ဘိလပ်မြေ ထုတ်လုပ်မှုလုပ်ငန်းများကိုလည်းကောင်း၊ စက်ရုံဝင်း အတွင်း      ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်  ဆက်စပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့်    ထောပတ်သီးစိုက်ခင်းသို့   လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍       ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ရှိ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်သူ များ စုပေါင်းဆောင်ရွက်လျက်ရှိသည့်  ထောပတ်သီး ဆေးကြော၊ သန့်စင်၊ ထုပ်ပိုးမှုစက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးသည်။ 
ပေါင်းစပ်ညှိနှိုင်း
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရပ်စောက် မြို့နယ် မကျီးကုန်းကျေးရွာအုပ်စု ကြာအင်းကျေးရွာ ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့် ဖြင့်     ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဖြစ်သော   Unique Lawksawk Mango Public Co., Ltd. ၏ သရက်သီးသန့်စင်ထုပ်ပိုးခြင်း လုပ်ငန်း  ဆောင်ရွက်နေမှုကို  သွားရောက်ကြည့်ရှု အားပေးရာ   ကုမ္ပဏီ၏ဒါရိုက်တာ  ဦးမြင့်ဦးက လုပ်ငန်းဆောင်ရွက်နေမှု၊ တွေ့ကြုံနေရသည့် အခက် အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ကို     ရှင်းလင်းတင်ပြသည်။   တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊    သရက်သီးစိုက်   တောင်သူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ သရက် သီးအပြင် အခြားဈေးကွက်ဝင်သီးနှံများကိုပါ အဆင့်မီ ထုပ်ပိုးဈေးကွက်တင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံ အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးသည်။ 
ပူးပေါင်းဆောင်ရွက်
ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့၌ ရှမ်းပြည်နယ်(တောင်ပိုင်း)ကုန်သည် များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ်     ပြည်ထောင်စုဝန်ကြီးက  နိုင်ငံရေး အပြောင်းအလဲတွင် နိုင်ငံ၏စီးပွားရေးထိခိုက်မှုမရှိ စေရေးအတွက် နိုင်ငံတော်အစိုးရနှင့်   စီးပွားရေး လုပ်ငန်းရှင်များအားလုံးလက်တွဲပြီး ပူးပေါင်းဆောင် ရွက်သွားရန်လိုကြောင်း ပြောကြားပြီး ကိုဗစ်-၁၉ ကပ်ရောဂါအလွန် စီးပွားရေး ပြန်လည်ဦးမော့လာစေ ရေးအတွက်   အစိုးရနှင့်   လုပ်ငန်းရှင်များအားလုံး ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံ့စီးပွားရေးပြန်လည် တည်ငြိမ် ကောင်းမွန်လာစေရေးအတွက် နိုင်ငံတော် ဝန်ကြီးချုပ်က    လမ်းညွှန်ထားသည့်အချက်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်    နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် မလိုအပ်သည့် လုပ်ငန်း အဆင့်များ လျှော့ချရေး၊ အစိုးရဌာနအသီးသီးနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့ စွာဖြင့် မြန်ဆန်သွက်လက်အောင် ဆောင်ရွက်နိုင်ရေး၊ အချို့သော လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများကို ပြန်လည်သုံးသပ်ကာ လိုအပ်သလို ပြင်ဆင်နိုင်ရေး  ဦးစားပေးဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်    နိုင်ငံတော် တည်ငြိမ်မှု ရှိလာသည်နှင့်အမျှ စီးပွားရေးလုပ်ငန်းများ ဆောလျင်စွာ ပုံမှန်ပြန်လည်ရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေးကိစ္စများကို      ဆွေးနွေး ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက်   ဆွေးနွေးပွဲတက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များက လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲ များ၊ နိုင်ငံတော်အစိုးရက ပံ့ပိုးကူညီပေးရန် လိုအပ် သည့်အချက်များနှင့်   အကြံပြုချက်များ ဆွေးနွေး တင်ပြကြရာ   ပြည်ထောင်စုဝန်ကြီးက   ပြန်လည် ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                                        သတင်းစဉ်