ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရခိုင်ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြည့်ရှုအားပေး

 

စစ်တွေ   ဇွန်   ၂၆


ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်  စစ်တွေ မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော ရာနှုန်းပြည့်   မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြစ်သည့်   Inn Pauk Wa Co., Ltd. ၏  ဟိုတယ်တည်ဆောက်ရေးလုပ်ငန်း နေရာသို့ သွားရောက်ကြည့်ရှုအားပေးသည်။


ထိုသို့ကြည့်ရှုစဉ် ကုမ္ပဏီမှတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု၊   ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တို့နှင့်စပ်လျဉ်း၍       ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်တွေ မြို့နယ်အတွင်းရှိ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုဖြင့် BXT International Co., Ltd. က ဆောင်ရွက် လျက်ရှိသော မြေဖို့မြေယာဖော်ထုတ်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုအားပေးရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုနှင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများ ကို ရှင်းလင်းတင်ပြကြပြီး  ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း    သိရ သည်။                                                

 

သတင်းစဉ်