ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်နေသော စီးပွားရေးသံမှူးများနှင့် တွေ့ဆုံ

 

နေပြည်တော်   ဇူလိုင်   ၁၂


စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည်   ပြည်ပ နိုင်ငံ  ၁၂ နိုင်ငံရှိ မြန်မာသံရုံး/ မြန်မာ ကောင်စစ်ဝန် ချုပ်ရုံးများ၌ တာဝန်ထမ်းဆောင်နေသော စီးပွားရေး သံမှူး  ၁၆  ဦးနှင့်    ဆွစ်ဇာလန်နိုင်ငံ    ဂျီနီဗာမြို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ   မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင်  တာဝန်ထမ်းဆောင်လျက် ရှိသည့် သံမှူးတို့ကို  ယနေ့မွန်းလွဲပိုင်းတွင်  Virtual စနစ်ဖြင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စီးပွားရေး သံမှူးများအနေဖြင့်   မြန်မာ့ပို့ကုန်များ   ဈေးကွက် ပိုမိုရရှိရေးအတွက်  သက်ဆိုင်ရာနိုင်ငံများမှ  အစိုးရ ဌာန  အဖွဲ့အစည်းများ၊  သွင်းကုန်လုပ်ငန်းရှင်များနှင့် ထိတွေ့မှုပိုမိုရယူကာ  ဈေးကွက်မြှင့်တင်ရေးလုပ်ငန်း များ  ဆောင်ရွက်ရေး၊   သက်ဆိုင်ရာ    နိုင်ငံများ၏ ကုန်စည်ပြပွဲများတွင် မြန်မာ့ပို့ကုန်များ ပါဝင်ပြသနိုင် ရေးနှင့်  ချိတ်ဆက်မှု ပိုမိုရရှိစေရေး၊ မိမိနိုင်ငံအတွက် အကျိုးရှိစေမည့် စီးပွားရေးဆိုင်ရာ  သတင်းအချက် အလက်များ    ကျယ်ပြန့်စွာ   ရယူအသုံးချနိုင်ရေး၊ ပြည်တွင်းရှိ   အသေးစား၊  အငယ်စား၊  အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၏   အကူအညီတောင်းခံ မှုများကို Virtual  စနစ်ဖြင့် တွေ့ဆုံညှိနှိုင်းကာ လိုအပ် သည်များ ဆက်လက်ဆောင်ရွက်ပေးရေး၊ သက်ဆိုင်ရာ နိုင်ငံများသို့ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ     သတင်းအချက်အလက်များ ကျယ်ပြန့်စွာ   ဖြန့်ဝေပေးနိုင်ရေးနှင့်   ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကိစ္စများကို   ထိရောက်စွာ   ဆောင်ရွက် နိုင်ရေး မှာကြားသည်။ 


ယင်းနောက် ဒုတိယဝန်ကြီး၊  အမြဲတမ်းအတွင်းဝန် နှင့်   ညွှန်ကြားရေးမှူးချုပ်များက    ကဏ္ဍအလိုက် စီးပွားရေးသံမှူးများ  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို ရှင်းလင်းဆွေးနွေးသည်။ 


ထို့နောက် စီးပွားရေးသံမှူးများက နိုင်ငံအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် လိုအပ်ချက် များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်