ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နယူးဒေလီရှိ တောင်အာရှနိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဇွန်   ၇
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး   ဦးအောင်နိုင်ဦးသည် နယူးဒေလီရှိ   တောင်အာရှ နိုင်ငံ ခြားသတင်းထောက်များအသင်း  (The Foreign Correspondents’ Club of South Asia –FCC)  ဥက္ကဋ္ဌ  Mr. Shirumalla Venkat Nara-yan ဦးဆောင်သော   ကိုယ်စား လှယ်အဖွဲ့အား   ယနေ့    နံနက် ၁၁     နာရီခွဲတွင်    ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ်       ပြည်ထောင်စု ဝန်ကြီးက        မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေနှင့်ဝန်ကြီး  ဌာနက လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များကို     ဆွေးနွေး ပြောကြားပြီး   မြန်မာ  -  အိန္ဒိယ နှစ်နိုင်ငံအကြား      ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး၊  မြန်မာနှင့်  ယခင် ဗြိတိသျှ အိန္ဒိယဒေသ၌ ပါဝင်ခဲ့ သောနိုင်ငံများအကြား    စီးပွား ရေး     ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှု     မြှင့်တင်နိုင်မည့် အလားအလာများ၊       မြန်မာ နှင့်  အိန္ဒိယအရှေ့မြောက်ဒေသ ပြည်နယ်များအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်      စီးပွားရေး ပူးပေါင်း     ဆောင်ရွက်မှုများ မြှင့်တင်ရေး၊      ဒေသခံပြည်သူ အချင်းချင်း ကူးလူးဆက်ဆံမှုများမြှင့်တင်ရေးတို့နှင့်   ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး Mr. Shirumalla Venkat Nara-yan က သိရှိလို၍  မေးမြန်းသည့် အချက်များကို ရှင်းလင်းပြောကြား သည်။ 
တက်ရောက်
တွေ့ဆုံပွဲသို့    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန  စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊      ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                  သတင်းစဉ်