ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဧပြီ   ၆


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး    ဦးအောင်နိုင်ဦး    သည် မြန်မာနိုင်ငံဆိုင်ရာ       တရုတ် သံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သော    ကိုယ်စားလှယ် အဖွဲ့ကို     ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ် မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည် ပြပွဲများသို့ နှစ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ    အပြန်အလှန် ပါဝင်ပြသနိုင်ရေးနှင့်   ကုန်သွယ်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးအတွက်  နှစ်ဖက်ချုပ်ဆို ထားသည့် သဘောတူစာချုပ်များ ကို ဆက်လက်အကောင်အထည် ဖော်  ဆောင်ရွက်သွားရေး  အပါ အဝင် နှစ်နိုင်ငံအကြား ကုန်သွယ် မှု           တိုးမြှင့်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 


တွေ့ဆုံပွဲသို့     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး   ဝန်ကြီး ဌာန        အမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှု        မြှင့်တင်ရေး အဖွဲ့   ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ      တက်ရောက် ကြသည်။  


သတင်းစဉ်