ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်  ဇန်နဝါရီ  ၂၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံသည်။


အမြင်ချင်းဖလှယ်ဆွေးနွေး


တွေ့ဆုံစဉ်    နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်  ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။      

သတင်းစဉ်