ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးကို လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဧပြီ   ၈


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးအောင် နိုင်ဦးသည်    မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမားကို  ယနေ့နံနက်ပိုင်း တွင်   ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး   ဝန်ကြီး ဌာနရှိ     ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌        လက်ခံတွေ့ဆုံ သည်။

 


တွေ့ဆုံစဉ်   ပြည်ထောင်စု ဝန်ကြီးက   သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံ ဆိုင်ရာ      အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော  အိန္ဒိယနိုင်ငံ သံအမတ်ကြီးအဖြစ်   ခန့်အပ် တာဝန်ပေးထားခြင်း          ခံရသည့် အတွက်      ဂုဏ်ယူဝမ်းမြောက် ကြောင်း   ပြောကြားပြီး   နှစ်နိုင်ငံ အကြား  စီးပွားဆက်သွယ်ရေးနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက် ရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ  အပြန်အလှန်  ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။


သတင်းစဉ်