ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အိန္ဒိယသမ္မတနိုင်ငံ ကော်လ်ကတ္တားမြို့၌ ကျင်းပသည့် BIMSTEC Business Conclave ပိတ်ပွဲအခမ်းအနားသို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်   ဇွန်   ၁၅
အိန္ဒိယသမ္မတနိုင်ငံ ကော်လ်ကတ္တား မြို့၌     ကျင်းပပြုလုပ်လျက်ရှိ သည့်     BIMSTEC Business Conclave   တွင်   ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက် နေသည့်  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးအောင် နိုင်ဦးသည်     ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ မှ ၂ နာရီအထိ Hytta Regency Kolkata Hotel၊ Ballroom ခန်းမ(၁)၌  ကျင်းပ ပြုလုပ်သည့်       ဘင်းမ်စတက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု Valedictory Session   ပိတ်ပွဲ အခမ်းအနားသို့  ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ်    တက် ရောက်အမှာစကား    ပြောကြား သည်။ 
အဆိုပါ  ပိတ်ပွဲအခမ်းအနား တွင် အိန္ဒိယနိုင်ငံ   ပြည်ပရေးရာ နှင့် ပညာရေးဝန်ကြီးဌာနဝန်ကြီး (Minister of State)    H.E.Dr. Rajkumar   Ranjan  Singh၊ ဘင်းမ်စတက်နိုင်ငံများ၏ အတွင်း ရေးမှူးချုပ်   H.E. Mr. Tenzin Lekphell ၊ အိန္ဒိယနိုင်ငံကုန်သည် ကြီးများအသင်းဥက္ကဋ္ဌ Mr. Mehul Mohanka နှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော် အောင် အပါအဝင် ဘင်းမ်စတက် နိုင်ငံများမှ သံတမန်အကြီးအကဲ များက အမှာစကားပြောကြားကြ သည်။ 
ပြည်ထောင်စုဝန်ကြီးသည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ တွင် ကျင်းပသော “Textiles and Garments” ဖိုရမ်နှင့် “Financial Inclusion,  Technology  and Regulatory  Framework” ဖိုရမ် များသို့လည်း     တက်ရောက် အားပေးသည်။
အဆိုပါ Textiles and Gar-ments ဖိုရမ်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ အထွေထွေအတွင်း ရေးမှူးချုပ်    ဒေါ်ခိုင်ခိုင်နွယ်နှင့် Financial Inclusion, Techno-logy and Regulatory Frame-work   ဖိုရမ်တွင်   မြန်မာနိုင်ငံ အမျိုးသမီး   စွမ်းဆောင်ရှင်များ အသင်း     အတွင်းရေးမှူးချုပ် ဒေါ်ချောခင်ခင်တို့က  Panelist များအဖြစ် ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။   သတင်းစဉ်