
နေပြည်တော် ဩဂုတ် ၁၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ကျင်းပသည့် “(၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည် ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်-သွင်းကုန်ကုန်စည်ပြပွဲ” (7th China-South Asia Exposition and 27th China(Kunming) Export/ Import Fair) သို့ တက်ရောက်ရန် ကူမင်းမြို့၌ ရောက်ရှိနေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် Wyndham Hotel ၌ ကျင်းပသည့် (၅) ကြိမ်မြောက် တရုတ် - အရှေ့တောင်အာရှ စီးပွားရေးဖိုရမ်သို့ တက်ရောက်အမှာစကား ပြောကြားသည်။
ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်အစိုးရ ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Na Yunde ၊ အာဆီယံ-တရုတ် စင်တာမှ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သည်များအသင်းဥက္ကဋ္ဌတို့ က အဖွင့်အမှာစကား ပြောကြားကြသည်။
တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိ
အဆိုပါဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦးက ယခုနှစ်ဖိုရမ်၏ အဓိကဆောင်ပုဒ်ဖြစ်သော “စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဒေသတွင်းစက်မှုလုပ်ငန်းကွင်းဆက်ကို အားပေး မြှင့်တင်ရန်”ဆိုသည့်အချက်ကို ထောက်ခံပါကြောင်း၊ ဤဆောင်ပုဒ်သည် တရုတ်နိုင်ငံနှင့် အရှေ့တောင် အာရှနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသည့်အချက်ကို အထူးပြုနေခြင်းဖြစ် ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေး ဆိုင်ရာလုပ်ငန်းစဉ်များကို တက်ကြွစွာပါဝင်ဆောင် ရွက်လျက်ရှိရာ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံရှိ ကဏ္ဍများစွာတွင် ကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် အလားအလာ များစွာရှိနေကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ် ရေးအတွက် မောင်းနှင်အားတစ်ရပ်ဖြစ်သည့် ပုဂ္ဂလိက ကဏ္ဍ၏ အရေးပါမှုကိုလည်း အသိအမှတ်ပြုကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်တကွ အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုနှင့် အခြားသောနယ်ပယ်များတွင် ပိုမိုနီးကပ် စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် အနာဂတ်အလားအလာနှင့် အခွင့်အလမ်းကောင်း များကို ဖော်ထုတ်နိုင်ရန်အတွက် စီးပွားရေးအသိုက် အဝန်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင် ရန်လိုအပ်ပါကြောင်း ပြောကြားသည်။
စီးပွားရေးပူးပေါင်းဆောင်ရွက်
ဆက်လက်၍ ဖိုရမ်ကိုအစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ (၅) ကြိမ်မြောက် တရုတ် - အရှေ့တောင်အာရှစီးပွားရေးဖိုရမ်၏ အလှည့်ကျ သဘာပတိအဖြစ် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ဆောင်ရွက်ပြီး စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြား သည်။
ထို့နောက် အရှေ့တောင်အာရှနိုင်ငံများမှ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းများမှ ဥက္ကဋ္ဌများနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲများမှ အစိုးရကိုယ်စားလှယ်များက ပါဝင် ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ကြီးနှင့်အတူ ကူမင်းမြို့ Haigeng Garden Hotel တွင် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာ ဝမ်ယွီပေါက တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။
ဩဂုတ် ၁၆ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ China (Yunnan) Pilot Free Trade Zone ရှိ RCEP ကုန်စည် ဖြန့်ဖြူးရေးစင်တာသို့ သွားရောက်လေ့လာခဲ့သည်။
ပြည်ထောင်စုဝန်ကြီးကို စင်တာမှ တာဝန်ရှိသူ များက RCEP ကုန်စည်ဖြန့်ဖြူးရေးစင်တာရှိ တောင် အာရှနှင့် အရှေ့တောင်အာရှကုန်စည်ပြခန်းနှင့် ရောင်းဝယ်ရေးစင်တာတွင် ပြသထားသော တောင် အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ထုတ်ကုန် များ ခင်းကျင်းပြသရောင်းချနေမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသကြသည်။
ကြည့်ရှုလေ့လာ
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် RCEP နိုင်ငံများမှထုတ်ကုန်များကို နိုင်ငံအလိုက် Studio အခန်းများမှ Online Live Streaming ဖြင့် တိုက်ရိုက် မိတ်ဆက်ရောင်းချနေမှု၊ နေ့စဉ်ကုန်ပစ္စည်းများ ရောင်းချနိုင်မှုနှင့် ဖြန့်ဖြူးမှုအခြေအနေများကို ကြည့်ရှုလေ့လာခဲ့သည်။
online မှတစ်ဆင့် ရောင်းချပေး
အဆိုပါစင်တာသည် တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ၏ ထုတ်ကုန်များကို တရုတ် နိုင်ငံအတွင်းသို့ ဖြန့်ဖြူးရောင်းချရာတွင် မဟာဗျူဟာ ကျသည့် ယူနန်ပြည်နယ် ကူမင်းမြို့တွင် တည်ရှိပြီး ကုန်သည်လုပ်ငန်းရှင်များအတွက် နိုင်ငံတကာ ကုန်သွယ်မှုလုပ်ငန်းများကို အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် ပြီးပြည့်စုံသောဝန်ဆောင်မှု လုပ်ငန်းများထည့်သွင်းထားသည့် ကုန်စည်ဖြန့်ဖြူးရေးစင်တာဖြစ်ပြီး မြန်မာထွက်ကုန်များကိုလည်း တရုတ်နိုင်ငံအတွင်း online မှတစ်ဆင့် ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်