ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)ရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်   မတ်   ၁၄ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃)   ပြည်ထောင်စုဝန်ကြီး  ဦးအောင်ကျော်ဟိုး သည်    အပြည်ပြည်ဆိုင်ရာ    ကြက်ခြေနီကော်မတီ (ICRC)ရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera ကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ်   ပဋိပက္ခဖြစ်ပွားနေသော   ဒေသများ တွင် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ အပြည် ပြည်ဆိုင်ရာလူသားချင်း စာနာထောက်ထားမှုဥပဒေ အား    လိုက်နာဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေးကိစ္စရပ်များကို  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။              
 

သတင်းစဉ်