
နေပြည်တော် ဩဂုတ် ၁၇
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ဟန်လင်းကမ္ဘာ့ အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက် အအုံများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မှု၊ တူးဖော်ထိန်းသိမ်းထားသော Site museum နှင့် ဟန်လင်းရှေးဟောင်း သုတေသနပြတိုက်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး သည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့်အတူ ဟန်လင်း ကမ္ဘာ့အမွေအနှစ်ဒေသရှိ ပန်းပဲဝန်မင်း စေတီသို့ရောက်ရှိရာ ကမ္ဘာ့အမွေ အနှစ် ဌာနခွဲ၊ ဟန်လင်းဌာနစုတာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ခင် က သမိုင်းကြောင်းဆိုင်ရာ အချက် အလက်များ၊ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ရွှေဂူကြီးဘုရားသို့ သွားရောက် ဖူးမြော်ကြည့်ရှုစစ်ဆေး ခဲ့သည်။ ယင်းနောက် ၁၉၆၃ ခုနှစ်က တူးဖော်သုတေသနပြုကာ Site museum အဖြစ် ထိန်းသိမ်းပြသ ထားသည့် ကုန်းအမှတ် ၁၇ နှင့် ၂၀၀၅ ခုနှစ်က တူးဖော်သုတေသနပြု ထိန်းသိမ်းထားသော ကုန်းအမှတ် ၂၆ သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကမ္ဘာ့အမွေအနှစ်ဌာနခွဲ၊ ဟန်လင်း ဌာနစု၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးထွန်းထွန်းအေးက တူးဖော်သုတေ သန ပြုလုပ်မှုအခြေအနေ၊ ထိန်းသိမ်း စောင့်ရှောက်ထားရှိမှုတို့အား ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ယခုဟန်လင်း ဒေသသည် ၂၀၁၄ ခုနှစ်က ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံ ထားရသည့် အားလျော်စွာ UNESCO ၏ ကမ္ဘာ့အမွေအနှစ်ဒေသများ ထိန်းသိမ်းရာတွင် လိုက်နာဆောင်ရွက် ရမည့် စည်းမျဉ်း/ စည်းကမ်းများနှင့် ကိုက်ညီစွာ ထိန်းသိမ်းစောင့်ရှောက် ရန် လိုအပ်ကြောင်း၊ လာရောက် လေ့လာ ကြည့်ရှုသူများအတွက် တကူးတက လာရောက်လေ့လာရ သည်နှင့် ထိုက်တန်အောင် ဂုဏ်ယူ ဖွယ်ရာ ကမ္ဘာ့အမွေအနှစ်ပြယုဂ် များကို ဖော်ထုတ်စုဆောင်း ထိန်းသိမ်း ပြသထားရန် လိုအပ်ကြောင်း၊ နောင်နှစ်ပေါင်းများစွာ ဆက်လက် တည်တံ့စေရေးအတွက် ထိန်းသိမ်း ကြရန်နှင့် သမိုင်းကြောင်း အချက် အလက်များ ပိုမိုခိုင်မာစေရေးအတွက် စူးစမ်းလေ့လာမှုမပြတ် ပြုလုပ်ရန် လိုအပ်ကြောင်း၊ မြေပြင်တူးဖော် သုတေသနပြုချက်များအရ ရရှိ လာသည့် အထောက်အထားများနှင့် သမိုင်းကြောင်းဆိုင်ရာ အချက် အလက်များကို တိုက်ဆိုင်ကြည့်ရှုကာ ပိုမိုတိကျသည့် မှတ်တမ်းများ ထားရှိသွားရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ဟန်လင်းရှေးဟောင်း သုတေ သနပြတိုက်သို့ ရောက်ရှိရာ ဦးစီး အရာရှိ ဒေါ်ချယ်ရီသင်းက ပြတိုက် တွင် ကျောက်ခေတ်ကာလမှ စတင်၍ ကြေးခေတ်၊သံခေတ်၊ ပျူခေတ်ကာလ ယဉ်ကျေးမှုအမွေအနှစ်များ ခင်းကျင်း ပြသထားရှိမှု အခြေအနေ၊ ဒေသခံများ ကလည်း ရှေးဟောင်းပစ္စည်းများ တွေ့ရှိစုဆောင်းရမှုများ လာရောက် အပ်နှံလျက်ရှိရာ ဌာနက ဂုဏ်ပြု မှတ်တမ်းတင်၍ ပြတိုက်တွင် ပြသမှု အခြေအနေ၊ ဟန်လင်းပျူမြို့ဟောင်း တွင် ပြင်သစ်နိုင်ငံမှ ရှေးဟောင်း သုတေသနပညာရှင်များနှင့် ပူးပေါင်း သုတေသနပြုချက်အရ လွန်ခဲ့သော နှစ်ပေါင်း (၅၀၀၀) ခန့်ကာလ ကျောက်ခေတ်သစ်မှ စတင်၍ လူနေထိုင်မှုများရှိကာ ကြေးခေတ်၊ သံခေတ်လူနေမှု အကြွင်းအကျန်များ ခိုင်မာစွာတွေ့ရှိခဲ့မှု အခြေအနေ၊ ယင်းကာလမှဆက်လက်၍ ပုဂံခေတ်၊ ကုန်းဘောင်ခေတ်ကာလများအထိ လူနေထိုင်မှုများရှိကာ ယနေ့ကာလ အထိ ဟန်လင်းကျေးရွာတွင် ဆက်လက် နေထိုင်ခဲ့ကြသည့် နှစ်ပေါင်းထောင်ချီ တစ်ဆက်တစ်စပ် တည်း လူနေမှုရှိခဲ့သည့် သမိုင်းခေတ် များ ဖော်ထုတ်တွေ့ရှိခဲ့သည့် အခြေ အနေနှင့် ဟန်လင်းရှေးဟောင်း သုတေ သနပြတိုက်ကို ပိုမိုစုံလင်စွာ ခင်းကျင်း ပြသသွားနိုင်ရန်အတွက် ထပ်မံတိုးချဲ့ တည်ဆောက်ကာ ပြသသွားမည့် အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြသည်။ (ဝဲပုံ)
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် အစည်းအဝေးခန်းမ၌ ကမ္ဘာ့ အမွေအနှစ်ဒေသများ ဌာနခွဲ၊ ဟန်လင်းဌာနစုရှိ အရာထမ်း၊ အမှု ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် အမြင့် ဒေသရှိ ပြည်ထောင်စုရန်ပုံငွေဖြင့် ညောင်ရမ်းခေတ်နှင့် ကုန်းဘောင် ခေတ် လက်ရာနံရံဆေးရေး ပန်းချီများ ထိန်းသိမ်းခြင်း ဆောင်ရွက်ခဲ့သည့် မင်းရဲတိုက် ဘုရားစုရှိ ဘုရားအမှတ် အမ - ၁၂၁၊ မင်းအိုချမ်းသာဘုရားစုရှိ ဘုရားအမှတ် အမ - ၁၀၀ တို့ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် ဘုရား ရှစ်ဆူအနက် ဘုရားအမှတ် အမ - ၀၅၅၊ ၀၅၆၊ ၀၆၀၊ အလယ်တိုက် ဘုရားစုရှိ ဘုရားအမှတ် အမ-၀၆၁ တို့အား ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်