ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊  တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

 

 

နေပြည်တော်    မေ    ၁၆
ဥပဒေရေးရာဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး၊   ပြည်ထောင်စု ရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဝန်ကြီးရုံး မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ   ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။  
အလေးပေးဆောင်ရွက်လျက်ရှိ                                          
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က လက်ရှိကာလ တွင် တရားဥပဒေစိုးမိုးရေး၏ အနှစ်သာရတစ်ခုဖြစ်သော အကောင် အထည်ဖော်ရာလည်းရောက်ရန်    ဆောင်ရွက်သည့်   လုပ်ငန်းစဉ် တစ်ခုလည်းဖြစ်သော ဥပဒေအသိပညာ ပြန့်ပွားရေး (Legal Advocacy) ကိစ္စကို  အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊  မိမိတို့ ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက် နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄)၏   မဟာဗျူဟာရည်မှန်းချက်နှင့်အညီ  ဥပဒေရေးရာ ဝန်ကြီးဌာနအပါအဝင်     ဝန်ကြီးဌာနများမှ   ဝန်ထမ်းများအတွက် စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်းဆိုင်ရာ အခြေခံသင်တန်းများ၊ ဥပဒေရေးဆွဲခြင်းနှင့်     ဥပဒေ(မူကြမ်း)    စိစစ်အကြံပြုခြင်းဆိုင်ရာ သင်တန်းများ၊ တရားမမှုများ လိုက်ပါဆောင်ရွက်ခြင်း သင်တန်းများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အာဆီယံ ဥပဒေအခြေခံသင်တန်းများ ကို ပို့ချနိုင်ခဲ့ကြောင်း။
 အသိအမှတ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်မည်
 ဥပဒေရေးရာဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီး၏ လုပ်ငန်းတာဝန် များအား   သိရှိနားလည်စေရန်နှင့်   ဥပဒေအသိပညာပြန့်ပွားစေရန် ရည်ရွယ်၍   ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊   ပြည်ထောင်စု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များအား ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း(Legal Advocacy Training)ကို “နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများအတွက် ဥပဒေရေးရာ သင်တန်း”အဖြစ် ဤဝန်ကြီးဌာနမှ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပြီး အသိအမှတ်ပြုလက်မှတ် (Certificate) ပေးအပ်ချီးမြှင့်မည်ဖြစ် ကြောင်း၊ Legal Advocacy Centre သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊  ဖွင့်လှစ်ပြီးပါက  ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဥပဒေရုံးအဆင့်ဆင့်ရှိ အရာထမ်း၊ အမှုထမ်းများအတွက် စွမ်းဆောင် ရည်မြှင့်သင်တန်းများ ဝန်ကြီးဌာနပေါင်းစုံမှ အရာထမ်းများအတွက် ဘာသာရပ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း။ 
သေသေချာချာဖတ်ရှုပြီး လိုက်နာဆောင်ရွက်
တရားစွဲမှုနှင့် အမှုလိုက်လုပ်ငန်းသည် ဤဝန်ကြီးဌာန၏ အဓိက လုပ်ငန်းဖြစ်သဖြင့် ဥပဒေရုံးအဆင့်ဆင့် ကြီးကြပ်မှုဖြင့် ထိန်းကျောင်းမှု များကို အလေးဂရုထားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ တရားစွဲနှင့် အမှုလိုက် ညွှန်ကြားချက်များကို ဥပဒေရေးရာဝန်ကြီးဌာနမှ ထုတ်ပြန် ထားသဖြင့် သေသေချာချာ ဖတ်ရှုပြီး လိုက်နာဆောင်ရွက်ရန်လိုကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေချုပ်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဥပဒေအရာရှိများအနေဖြင့် ဥပဒေ ရေးရာဝန်ကြီးဌာနနှင့် ဥပဒေရုံးအဆင့်ဆင့် တိုးတက်ကောင်းမွန်ရေး ကို ရှေးရှုပြီး  တင်ပြဆွေးနွေးအကြံပြုကြရန်  တိုက်တွန်းပြောကြား လိုကြောင်း မှာကြားသည်။ 
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန၏ တစ်နှစ်တာ လုပ်ဆောင်ချက် Video Clip ကို ပြသသည်။ ယင်းနောက် ဒုတိယအမြဲတမ်းအတွင်းဝန်က ဥပဒေရေးရာဝန်ကြီးဌာန၏    ဝန်ကြီးဌာနဖွဲ့စည်းပုံနှင့်အညီ   အသစ် ဖွဲ့စည်းခဲ့သော ဌာနခွဲ၊ ဌာနစိတ်များ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်း တင်ပြသည်။ 
ပြန်လည်ရှင်းလင်း
ဆက်လက်၍   တိုင်းဒေသကြီးနှင့်   ပြည်နယ်ဥပဒေချုပ်များက မိမိတို့ဒေသအလိုက် လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် ရုံးလုပ်ငန်းများ ကို တင်ပြဆွေးနွေးကြပြီး လုပ်ငန်းဆိုင်ရာများကို သက်ဆိုင်ရာဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း တင်ပြဆွေးနွေးကြသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်နှင့်အတူ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊    ညွှန်ကြားရေးမှူးများနှင့်   တိုင်း ဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ တက်ရောက်ကြပြီး အစည်း အဝေးကို  ညနေပိုင်းတွင် အောင်မြင်စွာ  ရုပ်သိမ်းလိုက်ကြောင်း သိရ သည်။                                              သတင်းစဉ်