
နေပြည်တော် မတ် ၁၆
ကျရောက်မည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အကြို လှုပ်ရှားမှုအဖြစ် ဆေးကုသခြင်း ကို ယနေ့တွင် နေပြည်တော်အမျိုး သားပရဆေးဥယျာဉ်ရှိ ခုတင် (၁၀၀)ဆံ့တိုင်းရင်းဆေးရုံ ပြင်ပ လူနာဌာနခွဲ၌ကျင်းပရာ ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ နိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်း(ဗဟို)ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းဒေသကြီး တိုင်းရင်းဆေး ဆရာအသင်းဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက ကြည့်ရှုအားပေးကြ ပြီး လာရောက်ပြသသည့်လူနာ များကို တိုင်းရင်းဆေးဝါးများ လက်ဆောင်ဝေငှပေးသည်။
အဆိုပါ ဆေးကုသခြင်းအစီ အစဉ်တွင် တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး ဦးဆောင်၍ ခုတင်(၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချိုပါဝင်သော ဆေးကုသ ရေးအဖွဲ့နှင့် မြန်မာနိုင်ငံတိုင်းရင်း ဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို)နှင့် နေပြည်တော်တိုင်းရင်းဆေးဆရာအသင်းတို့မှ တိုင်းရင်းဆေး သမားတော်ကြီးများက သွေးတိုး ရောဂါ၊ ဆီးချိုရောဂါ၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်းရောဂါများ၊ အဆစ် ရောင်၊ အဆစ်နာရောဂါများ၊ ထုံနာ ကျဉ်နာ၊ လေငန်း၊ လေဖြတ်၊ ပါးရွဲ့ ရောဂါများ၊ အာရုံကြောအားနည်း ရောဂါများ၊ မီးယပ်ရောဂါများ၊ လိပ်ခေါင်း၊ ဂရင်ဂျီနာနှင့် အနာ ပေါက်ရောဂါများ၊ ကလေးသူငယ် နာရောဂါများနှင့် အဖျားရောဂါ လူနာများအား ကုသပေးရာ စုစုပေါင်းလူနာဦးရေ ၂၅၀ ကို လိုအပ်သော ကျန်းမာရေးစောင့် ရှောက်မှုအဖြစ် သောက်ဆေး၊ လိမ်းဆေးပေးခြင်း၊ အကြောပြင် ကုသခြင်း၊ ကြပ်ထုပ်ထိုးကုသခြင်း နှင့် ဆေးစည်း၊ ဆေးကပ်ခြင်း စသည့်ကုသမှုများ ဆောင်ရွက်ပေး ကြသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် များ၊ တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့ ပြည်သူ့ဆေးရုံကြီး သို့ရောက်ရှိပြီး အရေးပေါ်နှင့်ပြင်ပ လူနာဌာန၊ ဓာတ်မှန်ဌာန၊ ခွဲစိတ် ကုသဆောင်၊ အရိုးကုသဆောင်၊ ဓာတ်ခွဲဌာန၊ ဆေးသိုလှောင် ခန်း၊ သားဖွားမီးယပ်ကုသဆောင်၊ ကလေးကုသဆောင်၊ မွေးကင်းစ ကလေးအထူးကြပ်မတ်ကုသဌာန၊ အထွေထွေဆေးကုသဆောင်တို့ သို့ လှည့်လည်ကြည့်ရှု၍ လူနာနှင့် လူနာစောင့်များကို တွေ့ဆုံအားပေး စကားပြောကြားပြီး အာဟာရ စားသောက်ဖွယ်ရာများ ထောက်ပံ့ ကာ ဆေးကုသဆောင်အလိုက် လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အစည်း အဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာ ပြုများ၊ ဆေးဘက်ကျွမ်းကျင် ဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းနှင့်တွေ့ဆုံ၍ ကျန်းမာ ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံ တော်အစိုးရ၏ ဦးဆောင်လမ်းညွှန် မှုနှင့် ပံ့ပိုးမှုနှင့်အညီ ကုသရေး လုပ်ငန်းများ တိုးတက်အောင် အားဖြည့်ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ နိုင်ငံတော်ရန်ပုံငွေဖြင့် လူနာများအတွက် အခြေခံလိုအပ် သောဆေးဝါးများ၊ အရေးကြီး လိုအပ်သောဆေးဝါးများ ရရှိနိုင်စေ ရေးထောက်ပံ့ပေးခြင်းနှင့် ဓာတ်ခွဲ စစ်ဆေးမှုများ၊ ဓာတ်မှန်လုပ်ငန်း များ တိုးတက်ဆောင်ရွက်ပေးနိုင် ရေးလိုအပ်သည်များ ပံ့ပိုးစီစဉ်ပေး ထားပါကြောင်းမှာကြားပြီး တင်ပြ ချက်များကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
စားသောက်ဖွယ်ရာများထောက်ပံ့
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲခန်း၊ သွားနှင့်ခံတွင်းပြင်ပ လူနာဌာန၊ ကလေးကုသဆောင်၊ သားဖွားမီးယပ် ကုသဆောင်၊ အထွေထွေ ဆေးကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ ဆေးပေးခန်း နှင့် ဆေးသိုလှောင်ခန်းတို့ကို လှည့်လည်ကြည့်ရှုပြီး လူနာများ ကိုတွေ့ဆုံအားပေးခြင်း၊ အာဟာရ ပြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်းတို့ ဆောင်ရွက် ပြီးအစည်းအဝေးခန်းတွင် ဆေးရုံ အုပ်၊ အထူးကုဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံကာ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ၊ ကုသရေးလုပ်ငန်း များ ယခုထက်ပိုမိုတိုးတက်စေရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်