ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ပထမနေ့၏ ပညာရှင်များ ဝိုင်းဖွဲ့ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား

 

နေပြည်တော်  ဒီဇင်ဘာ  ၆
မြန်မာနိုင်ငံ      ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ    (၂၀၂၃)   ပထမနေ့ကို    ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ    ကွန်ဗင်းရှင်းဗဟိုဌာန  (၂) ၌   ကျင်းပရာ ပညာရှင်များ   ဝိုင်းဖွဲ့ဆွေးနွေးပွဲတွင် ကျန်းမာရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး    ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း   တက်ရောက်၍     ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက     ယခုကျင်းပသည့် ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)သည် မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပသည့် ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ် ပွဲဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်  ဦးစီး ကော်မတီနှင့်     လုပ်ငန်းကော်မတီ     စုစုပေါင်း ကော်မတီ ၁၂ ရပ်ဖွဲ့စည်း၍ နှီးနှောဖလှယ်ပွဲ ကျင်းပ နိုင်ရေး   ကြိုတင်ပြင်ဆင်ခဲ့ကြောင်း၊   ဝန်ကြီးဌာန အနေဖြင့် လူတိုင်းသက်တမ်းစေ့   အသက်ရှည်စွာ နေနိုင်ရေးနှင့်  လူတိုင်းရောဂါဘယ ကင်းရှင်းရေး အတွက်   ရည်ရွယ်ဆောင်ရွက်လျက်ရှိရာ ပြည်သူ့ ကျန်းမာရေးကဏ္ဍသည်     အဓိကအရေးကြီးသော အခန်းကဏ္ဍဖြစ်ကြောင်း၊  ယခုကျင်းပသည့် နှီးနှော ဖလှယ်ပွဲတွင်    ပြည်တွင်းမှ   ပြည်သူ့ကျန်းမာရေး ပညာရှင်များနှင့် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ နီပေါနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မော်လ်ဒိုက်နိုင်ငံ၊ ပြင်သစ်နိုင်ငံ အစရှိ သည့်  နိုင်ငံများမှ ပြည်သူ့ကျန်းမာရေးပညာရှင် ၂၄ ဦး တို့က   အတွေ့အကြုံကောင်းများ၊  အောင်မြင်မှုများ၊ နည်းလမ်းသစ်များကို မျှဝေသွားမည်ဖြစ်ကြောင်း၊ မိမိတို့၏ နေရာဒေသနှင့် လိုက်လျောညီထွေဖြစ်သည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းကောင်း များကိုဖော်ထုတ်၍   နှီးနွှယ်ဆက်စပ်သည့် ဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများနှင့်   ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု  ယုံကြည်ပါ ကြောင်း ပြောကြားသည်။
ထို့နောက်  ပညာရှင်များ ဝိုင်းဖွဲ့ဆွေးနွေးသည့်အစီအစဉ်တွင်   မျိုးဆက်ပွား၊  မိခင်နှင့်မွေးကင်းစ ကလေးသူငယ်၊   ပျိုရွယ်သူနှင့်  သက်ကြီးရွယ်အို ကျန်းမာရေးတိုးတက်မှုအတွက်   အခြေခံအုတ်မြစ် တည်ဆောက်ခြင်းခေါင်းစဉ်တွင်   သဘာပတိများ အဖြစ်   ဒေါက်တာ သိန်းသိန်းဌေး၊   ဒုတိယဝန်ကြီး (အငြိမ်းစား)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့်  တွဲဖက် သဘာပတိ  ဒေါက်တာ မြင့်မြင့်သန်း၊ ညွှန်ကြားရေး မှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနတို့က   ဆောင်ရွက်ပြီး     ထိုင်းနိုင်ငံမှ Dr. Kittipong Saejeng, Medical Doctor, Ministry of Public Health ၊ မလေးရှားနိုင်ငံမှ Dr. Narimah Awun, Formerly  Regional  Advisor,  WHO-SEARO ၊ အိန္ဒိယနိုင်ငံမှ Dr. Rajejsh Mehta, Formerly Regional Advisor, WHO-SEARO ၊ သီရိလင်္ကာနိုင်ငံမှ Dr. Anoma Basnayake, Public Health Specialist and International Consultant, WHO နှင့် တရုတ် နိုင်ငံမှ  Dr. Jin Xu, Assistant Professor, Peking University၊ Professor Lokumeegodage DJU Senarath,   University   of   Colombo     တို့က တက်ရောက်ဆွေးနွေးကြပြီး   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)  မှ   Dr.Chandra Mouli, Previously with Department of Sexual  &  Reproductive Health & Research  က  Virtual  စနစ်ဖြင့် တက်ရောက် ဆွေးနွေးခဲ့သည်။ 
နံနက်ပိုင်းတွင် အခန်း(၁) ၌   မိခင်နှင့်ကလေး ကျန်းမာရေးကဏ္ဍတွင် Saving lives of mothers and children:  Synergistic approaches for sustaining  Achievements  and  Accelerating Progress  to  RMNCAH  related  SDGs  and  go beyond SDGs ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာ သဘာပတိ အဖြစ် ပါမောက္ခဒေါက်တာဖေသက်ခင်  ပြည်ထောင်စု ဝန်ကြီး(အငြိမ်းစား)      ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်သူ့ ကျန်းမာရေးပညာရှင် Dr. Huang Yangmu, Professor  and Vice Director, Peking University ၊  စင်ကာပူ နိုင်ငံမှ  Dr.  Chan  Xuan Hao,  Technical  Advisor to CHAI and UNICEF (eLMIS) တို့နှင့် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေးပညာရှင် ငါးဦးတို့က လည်း ကောင်း၊ အခန်း (၂) တွင်  ပါမောက္ခ ဒေါက်တာနေဝင်း၊ မြန်မာနိုင်ငံဆေးပညာရှင်များအဖွဲ့က   သဘာပတိ အဖြစ် ဆောင်ရွက်ပြီး မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍ Take actions: All hands for NCD prevention and control SDGs ခေါင်းစဉ်ဖြင့်    ပါမောက္ခ/ ဌာနမှူး (ဆေးပညာ) ဒေါက်တာကိုကို၊ ပါမောက္ခ/ဌာနမှူး(နှလုံးကုသမှု) ဒေါက်တာ နွယ်နွယ်နှင့်  ပြည်သူ့ကျန်းမာရေးပညာရှင် နှစ်ဦးက  တက်ရောက်ဆွေးနွေးကြပြီး ရုရှားနိုင်ငံမှ Professor Ksenia Shelekhova, MD, PhD - head of pathology department Napalkobov Cancer center က Virtual စနစ်ဖြင့်ဆွေးနွေးခဲ့ကြသည်။
အခန်း (၃) တွင် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)    ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက    သဘာပတိအဖြစ်   ဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ်   ကျရောက်စဉ်ကာလတွင် ကျန်းမာရေးကဏ္ဍဆိုင်ရာ   တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပတ်သက်၍   Good practice on health sector preparedness,   response   and  recovery   to disasters maintaining  essential  Public  Health Services ခေါင်းစဉ်ဖြင့် ပြည်တွင်းမှ ပြည်သူ့ကျန်းမာ ရေးပညာရှင်ငါးဦးက ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် အခန်း(၄)ခန်းခွဲ၍ အခန်း(၁)တွင် Digital Transformation in health information and health care ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေး မှုကို  ဒေါ်အေးအေးစိန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သဘာ ပတိအဖြစ်   ဦးဆောင်ဆွေးနွေးခဲ့သည်။   အခန်း (၂) တွင် ပါမောက္ခဒေါက်တာနွဲ့နွဲ့ဦး၊ ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနက  သဘာပတိအဖြစ်  ဆောင်ရွက်သည့် ဆွေးနွေးခန်းတွင်    ပြည်သူ့ကျန်းမာရေးပညာရပ် သင်ကြားရေးနှင့်ပတ်သက်၍ Empowering Public Health Education: Essential for addressing 21st century   community   challenges   through academic institutions   ခေါင်းစဉ်ဖြင့်   ပညာရှင် လေးဦးက ဟောပြောဆွေးနွေးခဲ့သည်။ 
အခန်း (၃)  တွင်     ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ညွှန်ကြားရေးမှူးချုပ် ကုသရေးဦးစီးဌာနက သဘာ ပတိအဖြစ်   ဆောင်ရွက်သည့်    ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်သည့်  Achieving the  SDG  3.3:     Bringing   innovations   to communicable diseases control and elimination ခေါင်းစဉ်ဖြင့် Ms. Li Jiayin, Coordinator of Health Poverty Action, Myanmar၊ Mr. Roberto Garcia Saez, CEO, Sorbonne University နှင့် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေးပညာရှင် သုံးဦးတို့က ဆွေးနွေး ခဲ့ကြသည်။ 
အခန်း (၄) တွင် ဒေါက်တာတင်ထွန်း၊ ညွှန်ကြား ရေးမှူးချုပ်  ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနက   သဘာပတိအဖြစ်    ဆောင်ရွက်သည့် ပိုလီယို၊ ဝက်သက်နှင့်   ဂျိုက်သိုးရောဂါ   ကင်းစင်ရေး နှင့်ပတ်သက်၍ Road map on Maintaining Polio-free status and achieving Measles and Rubella elimination    ခေါင်းစဉ်ဖြင့်     ဆွေးနွေးမှုတွင် ပြည်တွင်းမှ  ပြည်သူ့ကျန်းမာရေးပညာရှင်ငါးဦးက ဆွေးနွေးခဲ့သည်။
နှီးနှောဖလှယ်ပွဲ ပထမနေ့တွင်  ထိုင်း၊ မလေးရှား၊ စင်ကာပူ၊  အိန္ဒိယ၊  သီရိလင်္ကာ၊  တရုတ်၊  ရုရှား၊ ဆွစ်ဇာလန် အစရှိသည့်နိုင်ငံများမှ ပြည်သူ့ကျန်းမာ ရေးပညာရှင်  ၁၁ ဦးနှင့် ပြည်တွင်းမှပညာရှင် ၂၆ ဦး က စာတမ်း ၃၇ စောင်   ဟောပြောဆွေးနွေးခဲ့ပြီး ပြခန်း   ၄၀  တွင်     ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဌာနဆိုင်ရာအသီးသီးမှ   ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ   ဆောင်ရွက်ချက်များကို ပြသ၍ ပညာရပ်ဆိုင်ရာ စာတမ်းပိုစတာ  ၂၇ စောင် တင်သွင်း ခဲ့ကာ ပြည်တွင်း၊ ပြည်ပမှ  ပြည်သူ့ကျန်းမာရေး ပညာရှင် ၁,၈၀၀ ခန့်  တက်ရောက်၍ သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခြင်း၊ အသိပညာ ဖလှယ် ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 
သတင်းစဉ်