
နေပြည်တော် ဇန်နဝါရီ ၁၀
ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှု ရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင့်နိုင် နှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် မြစ်ကြီးနား မြို့ သူနာပြုသင်တန်းကျောင်း သို့ ရောက်ရှိကာ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ သည်။
ဦးစွာ သူနာပြုသင်တန်း ကျောင်း ကျောင်းအုပ်ကြီးက သူနာ ပြုသင်တန်းကျောင်းနှင့် ပတ်သက် ၍ သင်ကြားရေးကိစ္စရပ်များ၊ သင်တန်းသား သင်တန်းသူများ၏ စားသောက် နေထိုင်ရေးများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယနေ့ သင်တန်းသား သင်တန်းသူများ သည် နောင်တစ်ချိန်တွင် နိုင်ငံ တော်၏ ကျန်းမာရေးစောင့်ရှောက် မှုကဏ္ဍတွင် ကျရာအခန်းကဏ္ဍမှ နေ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မိမိဒေသ၊ မိမိ နိုင်ငံ အကျိုးအတွက် နိုင်ငံ့သား ကောင်း သမီးကောင်းရတနာများ ဖြစ်အောင် ကြိုးစားသွားရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဝတ်စုံစရိတ်၊ စားစရိတ်၊ ပညာရှင် ကြေးများ စသည်ဖြင့် ထောက်ပံ့ ပေးလျက်ရှိပြီး ဝန်ကြီးဌာနက လည်း သူနာပြု သင်တန်းသား သင်တန်းသူများ၏ စားဝတ်နေ ရေး အဆင်ပြေစေရေးအတွက် မျက်ခြည်မပြတ် စောင့်ကြည့်ကာ ဘက်ပေါင်းစုံမှ ထောက်ပံ့ပေး လျက်ရှိပါကြောင်း။
သင်တန်း တက်ရောက် အောင်မြင်ပြီးပါက ကုသရေး လုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများအပြင် သင်ကြားရေး လုပ်ငန်းများကိုပါ ထမ်းဆောင်သွား ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ သင်တန်း ကျောင်းမှ တာဝန်ရှိသူများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ကုသ ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်တို့က လိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်၍ ပြည်ထောင်စုဝန်ကြီးက သူနာပြု သင်တန်းကျောင်း၊ ကျောင်းအုပ် ကြီးထံ သင်တန်းသား သင်တန်း သူများအတွက် ထောက်ပံ့ငွေ များ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနား မြို့ တိုင်းရင်းဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသနေသော လူနာများကို ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ နှုတ်ဆက်၍ ထောက်ပံ့ငွေများ ပေးအပ်ကာ ပြည်သူလူထုအားကိုး သည့် တိုင်းရင်းဆေးရုံကြီးဖြစ်သည့် အားလျော်စွာ တိုင်းရင်းဆေးဖြင့် လူနာများ စိတ်အေးချမ်းသာစွာ ကုသနိုင်ရေး စီစဉ်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း မှာကြားပြီး တိုင်းရင်းဆေးရုံကြီးနှင့် ပရဆေး ယျာဉ်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်