
နေပြည်တော် ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ပြည်သူ့ဆေးရုံကြီး၊ ငါးထပ်ကုသ ဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပ ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်း၊ တိုင်းဒေသကြီးဝန်ကြီး များ၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၊ (ပြည်)မှ ဒေသကွပ်ကဲရေး စစ်ဌာန ချုပ်မှူး၊ ဗိုလ်မှူးချုပ် ဆန်းဌေး မောင်နှင့် တပ်မတော် အရာရှိကြီး များ၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ အထူးကုဆရာဝန်ကြီးများ၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာန မှူး၊ ဆေးရုံအုပ်ကြီး၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ နှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်မြို့ ပြည်သူ့ ဆေးရုံကြီး ငါးထပ်ကုသဆောင် သစ်ကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကုသ ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးပြီး ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးကာ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ယနေ့ဖွင့်လှစ်သည့် ငါးထပ် ကုသဆောင်သစ်အပြင် ပဲခူးတိုင်းဒေသကြီး အတွင်း၌ ပန်းတောင်းမြို့၊ လက်ပံတန်းမြို့၊ ကြို့ပင်ကောက်မြို့နှင့် နတ္တလင်း မြို့တို့၌ ကုသဆောင်သစ်များ ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ယခု ကဲ့သို့ အခြေခံအဆောက်အဦ (Infrastructure) များ ဖြည့်ဆည်း ဆောင်ရွက်ပေးသကဲ့သို့ ကျန်းမာ ရေး လူ့စွမ်းအားအရင်းအမြစ်များ ကိုလည်း ဘက်ပေါင်းစုံမှ မွေးထုတ် ပေးလျက်ရှိပြီး ကျန်းမာရေး ဝန်ထမ်းများ၏ ဆေးကုသမှုအရည် အသွေးမြှင့်တင်ရေးအတွက်လည်း နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပဲခူးတိုင်း ဒေသကြီးတွင် ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး နှစ်ရုံအပါအဝင် ဆေးရုံပေါင်း ၁၁၂ ရုံ ဖွင့်လှစ်ထား ပြီး လူနာခုတင် ၃၆၆၂ ခုတင် အထိ လက်ခံကုသပေးနိုင်ပါ ကြောင်း၊ ပြည်မြို့အတွက်သာမက ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း နှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်များကပါ လွှဲပြောင်းကုသ ဆောင်ရွက်နိုင်မည့် ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးဖြစ်သည် နှင့်အညီ ပြည်သူ့ဆေးရုံကြီး ပြည်မြို့တွင် အထူးကုဌာန ၁၃ ခု ဖွင့်လှစ်ကာ အထူးကုဆရာဝန်များ သာမက လက်ထောက်ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ကျွမ်းကျင် အင်အားလည်း အများအပြား ဖြည့်ဆည်း ထားပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှု ပိုမို ကောင်းမွန်စေရေးအတွက် အထူးကု ပြင်ပလူနာဌာနများ ကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုကွင်းဆင်းကုသမှုခရီးစဉ် များဖြင့်လည်း အားဖြည့်ဆောင် ရွက်လျက်ရှိပါကြောင်း၊ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံ့ ဝန်ထမ်းများအတွက်လည်း ဆေး ကုသမှု ဆောင်ရွက်ပေးသည့် အပြင် မိမိအိတ်ထဲမှ စိုက်ထုတ်ရ သည့် ကုန်ကျစရိတ်များအတွက် ဝန်ကြီးဌာနအနေဖြင့် စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် ဆေးရုံကြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် ကျန်းမာရေးဝန်ထမ်းများအားလုံး ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြော ကြားသည်။
ဆက်လက်၍ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်က ပြည်သူ့ဆေးရုံကြီးနှင့် အခြား သော ပြည်သူ့ဆေးရုံများအတွက် လိုအပ်သည်များ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီး ဌာနမှူး ဒေါက်တာသီဟနှင့် ပြည်သူ့ဆေးရုံကြီး ပြည်မြို့မှ ဆေးရုံအုပ်ကြီး ဒေါက်တာ သီတာ စိုးတို့က ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များကို နေရာအရောက်ပေးအပ်၍ ဆေးရုံ အုပ်ကြီးက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် ဧည့်သည်တော်များသည် ငါးထပ်ကုသဆောင်သစ်အတွင်း အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ပုံရိပ်ဖော် ရောဂါရှာဖွေရေးဌာန၊ ခွဲစိတ်ခန်းများ၊ အထူးကြပ်မတ် ကုသခန်းများ၊ ခွဲစိတ်ကုသဆောင်၊ အစည်းအဝေးခန်းမနှင့် အခပေး လူနာခန်းများကို လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များ မှာကြားသည်။
အဆိုပါဖွင့်လှစ်သည့် ငါးထပ် ကုသဆောင်သစ်သည် (၂၄၀ x ၆၇) ပေ အကျယ်အဝန်းရှိပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၃)အား လုပ်ငန်းအပ်နှံ၍ ၂၀၂၁ ခုနှစ် ဧပြီ ၂၀ ရက်တွင် စတင်ဆောက် လုပ်ခဲ့ကာ ၂၀၂၃ ခုနှစ် အောက်တို ဘာ ၁၀ ရက်တွင် လုပ်ငန်းများ ပြီးစီးခဲ့သည်။ စီမံကိန်းတန်ဖိုး ငွေကျပ် ၄၇၃၅ ဒသမ ၇ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ပြီး အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲခန်း၊ ခွဲစိတ် ခန်း ခုနစ်ခန်းနှင့် အထူးကြပ်မတ် ကုသဆောင်(ICU)၊ ခွဲစိတ်လူနာ ကုသဆောင်၊ သားဖွားမီးယပ် လူနာကုသဆောင်၊ အစည်းအဝေး ခန်းများနှင့် သီးသန့် လူနာခန်းများ ပါဝင်ကာ လူနာများ အဆင်ပြေစေ ရေးအတွက် ဓာတ်လှေကား နှစ်စင်းလည်း တပ်ဆင်ထားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့်အဖွဲ့သည် ပြည်သူ့ ဆေးရုံ ပန်းတောင်းမြို့ နှစ်ထပ် ကုသဆောင်သစ် ဖွင့်လှစ်ပွဲသို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သီဟက ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များကို နေရာအရောက်ပေးအပ်ပြီး နှစ်ထပ် ကုသဆောင်သစ်ကို လှည့်လည် ကြည့်ရှုကြသည်။
အဆိုပါဖွင့်လှစ်သည့် နှစ်ထပ် ကုသဆောင်သစ်သည် (၁၂၀ x ၅၆)ပေ အကျယ်အဝန်းရှိပြီး ၂၀၁၉ ခုနှစ်တွင် စတင်ဆောက်လုပ်ကာ ၂၀၂၃ ခုနှစ် မတ်လတွင် လုပ်ငန်း များ ပြီးစီးခဲ့သည်။ စီမံကိန်းတန်ဖိုး ငွေကျပ် ၃၈၈ ဒသမ ၃၀၄ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ပြီး အရေးပေါ်ဌာန၊ သွားနှင့်ခံတွင်း ဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ မွေးကင်းစ ကလေးကုသဌာန၊ ခွဲစိတ်ခန်း နှစ်ခန်း၊ မွေးဖွားခန်း၊ ဆေးပေးခန်း၊ လူနာဆောင်၊ ရုံးခန်းနှင့် ဆေးစတိုများ ပါဝင် ကြောင်း သိရသည်။
သတင်းစဉ်