ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝန်ထမ်းများနှင့် တွေ့ဆုံ

 

နေပြည်တော်     ဖေဖော်ဝါရီ     ၃


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ 

 


တွေ့ဆုံစဉ်    ပြည်ထောင်စု ဝန်ကြီးက  တိုင်းရင်းသားလူမျိုး များရေးရာ ဝန်ကြီးဌာနရှိ ဝန်ထမ်း များသည်   အခြားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် အရည်အသွေးမီ ရင်ပေါင်တန်းနိုင်ရန်     လိုအပ် ပါကြောင်း၊     ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်တာများကို ဌာန စည်းမျဉ်း   စည်းကမ်း   လုပ်ထုံး လုပ်နည်းများနှင့်အညီ   လုပ်ငန်း  ကို     စည်းလုံးညီညွတ်စွာဖြင့် တာဝန်ကျေပွန်စွာ   ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊  ဝန်ထမ်း များသည်  အရာထမ်း၊ အမှုထမ်း များအလိုက် မိမိတို့၏တာဝန်နှင့် ဝတ္တရားများကို   ပိုမိုသိရှိလိုက်နာ ပြီး   စေတနာထားဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊   လုပ်ငန်း များ လုပ်ဆောင်ရာတွင်  မိသားစု စိတ်ဓာတ်ကို   အခြေခံ၍   ဥပဒေ ဘောင်အတွင်းမှ လုပ်ကိုင်ဆောင် ရွက်ကြရန်နှင့်    မေတ္တာတရား၊     ကိုယ်ချင်းစာတရား   စိတ်ဓာတ် တို့ဖြင့်  လက်အောက်ငယ်သား များကို နာယကဂုဏ်များနှင့်အညီ ကြီးကြပ်စီမံကွပ်ကဲရန်  မှာကြား လိုပါကြောင်း၊ လက်ရှိဆောင်ရွက် ဆဲလုပ်ငန်းများကို ဘဏ္ဍာရေးနှစ် အမီ  ဆောင်ရွက်နိုင်ရေးအတွက် တွန်းအားပေး   ကြီးကြပ်ဆောင် ရွက်ရန်လိုအပ်ပါကြောင်း  ပြော ကြားသည်။

 


ယင်းနောက် ဒုတိယဝန်ကြီး  ဦးဇော်အေးမောင်က ဝန်ထမ်းများ သည်  ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုနှင့် အညီ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊  နည်းဥပဒေပြဋ္ဌာန်းချက် များအတိုင်း  လိုက်နာဆောင်ရွက် သွားရန် ပြောကြားသည်။

 


ဆက်လက်၍      အမြဲတမ်း အတွင်းဝန်၊     တိုင်းရင်းသား စာပေနှင့်         ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊  တိုင်းရင်း သားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေး     ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဝန်ကြီး  ဌာနတွင်း ဆောင်ရွက်လျက်ရှိသည့်   လုပ်ငန်း ဆောင်ရွက်ချက်များကို တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး  က နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။

သတင်းစဉ်