
တောင်ကြီး ဖေဖော်ဝါရီ ၆
တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့မွန်းလွဲပိုင်း တွင် တောင်ကြီးမြို့ ကံကြီးရပ်ကွက် ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးသို့ သွား ရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက် မှာကြားသည်။
ထို့နောက် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် ကယား ပြည်နယ် ညွှန်ကြားရေးမှူးရုံး တို့မှ အရာထမ်း၊ အမှုထမ်းများနှင့် အစည်းအဝေးခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ဝန်ထမ်းများသည် တိုင်းရင်းသားလူမျိုးများရေးရာ လုပ်ငန်းဆောင်တာများကို ဆောင် ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်း ထားရှိသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျမှန်ကန် စွာ ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ စစ်မှန်သော မျိုးချစ် စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံလျက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများ အားလုံး မျှော်လင့် တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းများတွင် ဝန်ထမ်းများ အားလုံး မိမိတို့ ကျရာကဏ္ဍမှ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက် တွန်းပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်း သားဒေသများတွင် စီမံကိန်း မြေယာများ အသုံးပြုရန်လျှောက် ထားလာသည့် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်း ဆိုင်ရာကိစ္စရပ်များကို အမြန်ဆုံးပြီးစီးအောင် ဆောင် ရွက်ပေးရန် လိုအပ်ကြောင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ အသင်းအဖွဲ့ မှတ်ပုံတင်သည့်အခါတွင် သေချာ စိစစ်ရန်နှင့် ကူညီဆောင်ရွက်ပေး ရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း က အထွေထွေဆွေးနွေးပြီး ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့် စွက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဝန်ထမ်းများက လုပ်ငန်း လိုအပ်ချက်များကို အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့် ဆည်းဆောင်ရွက်ပေးပြီး ရှမ်း ပြည်နယ်နှင့် ကယားပြည်နယ် ညွှန်ကြားရေးမှူးရုံး ဝန်ထမ်းများ ကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်