ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ

 

မော်လမြိုင်   မတ်    ၂၀
တိုင်းရင်းသားလူမျိုးများ   ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မွန်ပြည်နယ်        အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ        ဝန်ကြီး ဦးခင်မောင်ဦး၊  တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက  မော်လမြိုင်မြို့ရှိ   တိုင်းရင်းသား လူမျိုးများရေးရာ     ဝန်ကြီးဌာန  မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်း သား စာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များနှင့် တွေ့ဆုံသည်။
ပေါင်းစပ်ဆောင်ရွက်ပေး
တွေ့ဆုံစဉ်     ပြည်ထောင်စု ဝန်ကြီးက      တိုင်းဒေသကြီး/ ပြည်နယ်များတွင်  တိုင်းရင်းသား ဘာသာစာပေ      သင်ကြားမှုကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ် ညှိနှိုင်း    ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့် အညီ စနစ်တကျ မှတ်ပုံတင်နိုင် ရေးနှင့် တိုင်းရင်းသားများအတွက်  တိုက်ရိုက်   အကျိုးခံစားစေမည့်  လုပ်ငန်းများကို    ဥပဒေနှင့်အညီ  စိစစ်       ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ တိုင်းရင်းသားဒေသများ တွင်    စီမံကိန်းများ    အကောင် အထည်ဖော်      ဆောင်ရွက်ရာ၌ မြေလွတ်၊  မြေလပ်၊  မြေရိုင်းများ တွင် ဆောင်ရွက်မည့်လုပ်ငန်းများ တွင်လည်း တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာအရ         သက်ဆိုင်သည့် မြေများ ပါဝင်မှုရှိ/မရှိ အချိန်နှင့် တစ်ပြေးညီ   ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊    နည်းဥပဒေ၊      လုပ်ထုံး လုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလပ်၊  မြေရိုင်းများ  စီမံခန့်ခွဲမှု ဗဟိုကော်မတီသို့   သဘောထား မှတ်ချက်များ   ပြန်ကြား  ဆောင် ရွက်ပေးလျက်ရှိကြောင်း။
ဝန်ကြီးဌာန၏        အဓိက လုပ်ငန်းဖြစ်သည့် တိုင်းရင်းသား ရေးရာနှင့်  လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရန်နှင့်      တိုင်းရင်းသား အချင်းချင်း (သို့မဟုတ်) တိုင်းရင်း သားလူမျိုးများအကြား   ဖြစ်ပွား သည့် အငြင်းပွားမှုများကို ပေါင်းစပ် ညှိနှိုင်း ဖြေရှင်းဆောင်ရွက်နိုင်ရန် အတွက်  သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ပြည်နယ်     တိုင်းရင်းသား ရေးရာဝန်ကြီးများထံ        ဥပဒေ၊ နည်းဥပဒေများနှင့်အညီ  တာဝန် ခွဲဝေ        အပ်နှင်းထားပြီးဖြစ် ကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု       အသင်းအဖွဲ့များ အနေဖြင့် မိမိတို့၏ တိုင်းရင်းသား ရေးရာကိစ္စရပ်များကို     ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ် စွာ        တင်ပြဆောင်ရွက်နိုင်ပါ ကြောင်း ပြောကြားသည်။
ကြိုးစားဆောင်ရွက်
ထို့နောက် ဒုတိယဝန်ကြီးက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး သည် အလွန်အရေးကြီးကြောင်း၊       တိုင်းရင်းသားများ       စည်းလုံး ညီညွတ်မှ     တိုင်းပြည်ငြိမ်းချမ်း       သာယာမည်ဖြစ်ပြီး     တိုင်းပြည်     ငြိမ်းချမ်းသာယာမှ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မည်      ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်သည်    ရေခံ၊    မြေခံ ကောင်းမွန်သည့်အတွက် တိုင်းရင်း သား စာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့များအနေဖြင့် နိုင်ငံတော်နှင့်  မိမိတို့ပြည်နယ်     ဖွံ့ဖြိုးတိုးတက်  ရေးအတွက် ကျရာကဏ္ဍမှ အစွမ်း ကုန်      ကြိုးစားဆောင်ရွက်သွား ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယင်းနောက်   မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးက   မွန်ပြည်နယ်အတွင်း  တိုင်းရင်းသားရေးရာ ကိစ္စရပ်များ နှင့် တိုင်းဒေသအတွင်း ဖွံ့ဖြိုးရေး  ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက် နေမှုကို        ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တိုင်းရင်း သားစာပေနှင့်   ယဉ်ကျေးမှုအဖွဲ့ များက တိုင်းရင်းသားရေးရာ ကိစ္စ ရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ် များနှင့်ပတ်သက်၍    အထွေထွေ ဆွေးနွေးတင်ပြကြရာ   တိုင်းရင်း သား အခွင့်အရေးများ  ကာကွယ် စောင့်ရှောက်ရေး         ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို က ဖြည့်စွက်ရှင်းလင်း ဆွေးနွေး ကာ      ဆွေးနွေးတင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက    လိုအပ်သည် များ      ပေါင်းစပ်       ညှိနှိုင်းပေး ကြသည်။
ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စ ရပ်များ    ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက်  ပြည် ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မွန်ပြည်နယ်       အစိုးရအဖွဲ့ဝင်  တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့က       မွန်၊ ကရင်၊  ဗမာနှင့်  ပအိုဝ်းတိုင်းရင်း သား   စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ များအား  တစ်ဖွဲ့လျှင်  ထောက်ပံ့ ငွေကျပ်   ငါးသိန်းစီ   ပေးအပ် ထောက်ပံ့သည်။
ထို့နောက်     ခေတ်အဆက် ဆက်      မွန်တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှု      ဝတ်စုံများ ဝယ်ယူ     ထိန်းသိမ်းရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ သည့်    ကုမ္ပဏီများကို      ပြည် ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များက ဂုဏ်ပြုမှတ်တမ်းလွှာများ  ပေးအပ်ပြီး     စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံများ       ရိုက်ကူးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်