ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ရှမ်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကိစ္စရပ်များ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ရှမ်းပြည်နယ်အတွင်း

ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကိစ္စရပ်များ ကြည့်ရှုစစ်ဆေး

 

=====================================================

နေပြည်တော် ဩဂုတ် ၁၃

 

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ် ကြီးရဲအောင်သည် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ အမြဲတမ်း အတွင်းဝန် ဦးရဲနိုင်နှင့်အတူ ရှမ်းပြည် နယ် (တောင်ပိုင်း)တွင် ဒေသဖွံ့ဖြိုးရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ကိစ္စရပ်များကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယမန်နေ့တွင် ရွာငံမြို့နယ် ရွာငံ-မျှားကလေး (၁၂/၄) မိုင်အနက် (၉/၀) မိုင် ဖောက်လုပ်ထားရှိပြီး ကျန်ရှိ သည့် (၃/၄) မိုင် အပြီးသတ် ကျောက်ခင်းခြင်း၊ ပင်လောင်းမြို့နယ် ရှိ နောင်မူလမ်းခွဲ-ကျောက်ဆင့် (၂/၀) မိုင် ကျောက်ရောမြေလမ်း ဖောက်လုပ် ခြင်းနှင့် Box Culvert ခြောက်စင်း ဆောင်ရွက်ပြီးစီးမှု၊ တောင်ခမောက်-စည်ပင်-ပင်ခင် (၄/၀) မိုင် ကျောက် ရော မြေလမ်းဖောက်လုပ်ခြင်းနှင့် Box Culvert ၁၂ စင်း ဆောင်ရွက်နေမှု တို့အား ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ရွာငံမြို့ ဆင်နက် ချောင်းကျေးရွာတွင် ဒေသခံပြည်သူ များနှင့် တွေ့ဆုံပြီး ကျေးရွာ ရေပေးဝေ ရေးလုပ်ငန်းတွင် လိုအပ်လျက်ရှိသည့် ထရန်စဖော်မာနှင့် မီးကြိုးများ ထောက်ပံ့ပေးနိုင်ရေးအတွက် တပ်ဆင် မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ သည်။ ထို့နောက် ပင်လောင်းမြို့နယ် စည်ပင်ကျေးရွာ (၁/၄) မိုင် ရေသွယ် တန်းခြင်းနှင့် ရေအမြင့်တင်စနစ် ဆောင်ရွက်နေမှု၊ လိန်းညားကျေး ရွာအုပ်စု ဝါးလီ-တောင်လေး-ဝါးပြုံး ကျေးရွာချင်းဆက်လမ်း (၇/၀) မိုင် အနက် (၂/၀) မိုင် ကျောက်ခင်းခြင်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ လုပ်ငန်းခွင်များတွင် ကြည့်ရှု စစ်ဆေးစဉ် သက်ဆိုင်ရာ တာဝန်ခံ အင်ဂျင်နီယာအသီးသီး၏ တင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်ချိန်အမီ ပြီးစီးစေရေး၊ လူအင်အားသုံးဆောင်ရွက် ရသည့် လုပ်ငန်းများ ဆောင်ရွက်ရာ တွင်လည်း ကိုဗစ်-၁၉ ကာကွယ်ရေး ဆိုင်ရာ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များကို အလေးထားလိုက်နာ ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပင်လောင်းမြို့ရှိ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ ရာ နည်းပြများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ ကိုယ်တိုင် ပြန်လည်ပါဝင်ဆောင်ရွက် မည့် ဒေသအကျိုးပြု အနာဂတ် ခေါင်းဆောင်ငယ်များ ပေါ်ထွက်လာ စေရေး ရည်မှန်းပြီး မိမိတို့ဝန်ကြီးဌာန တွင် လူငယ်သင်တန်းကျောင်းများ၊ ဒီဂရီကောလိပ်များနှင့် တက္ကသိုလ်တို့ ကို ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးလျက် ရှိကြောင်း၊ ကျောင်းသား ကျောင်းသူ များအနေဖြင့် မိမိတို့၏ ကိုယ်စီဘဝ မျှော်မှန်းချက်၊ ရည်မှန်းချက်များ အတိုင်း ပေါက်မြောက်အောင်မြင်ရေး အတွက် စဉ်ဆက်မပြတ် ကြိုးစား အားထုတ်ကြရန် မှာကြားသည်၊။

ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင် နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန် စွာ အောင်မြင်သူများကို ဆုချီးမြှင့်၍ ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်း၊ နည်းပြများကို ထောက်ပံ့ငွေ များ ပေးအပ်ပြီးနောက် သင်တန်း ကျောင်းဝင်းအတွင်းရှိ ကျောင်းသား အိပ်ဆောင်၊ ကျောင်းသူ အိပ်ဆောင် များနှင့် စားရိပ်သာတို့တွင် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထားရှိမှု အ‌ခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန နှင့် ဂျပန်နိုင်ငံ INGO အဖွဲ့အစည်း တစ်ခုဖြစ်သည့် Terra People Association (TPA) တို့ ပူးပေါင်း၍ TPA မှ ထည့်ဝင်ငွေကျပ် ၅၂၀ ဒသမ ၆ သန်း၊ ဝန်ကြီးဌာနမှ ထရန်စဖော်မာ တစ်လုံး တန်ဖိုးငွေကျပ် ၄၃၆ သန်း နှင့် အလှူရှင်တစ်ဦးမှ ရေသန့်စက် အတွက် အလှူငွေ အမေရိကန်ဒေါ်လာ ၃၂၀၀၀ ဖြင့် ၂၀၁၄ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ သည့် အင်းလေးဒေသ ရေဗြုန်ရေထွက် မှ ကျေးရွာ ၁၇ ရွာအား ရေပေးဝေရေး လုပ်ငန်းများအား လိုအပ်သည်များ ပြန်လည်မွမ်းမံပြီး ရေလိုအပ်ချက်ရှိနေ သော ကျေးရွာများအား ထပ်မံပေးဝေ နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို တာဝန်ရှိသူများ ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ပြီး လတ်တလော ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ အတွက် ထောက်ပံ့ငွေကျပ် သိန်း ၄၀ ကို ပေးအပ်လှူဒါန်းခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရေပိုက်သွယ်တန်းထား သည့် အခြေအနေများ၊ လေဖိအား လျော့စနစ်များ၊ အဖွင့်အပိတ်ဘားများ အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဆောင်ရွက်ပေးထားသည့် လုပ်ငန်းများ ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြား ခဲ့သည်။ ဆက်လက်၍ ဒေသခံကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ လိုအပ်ချက်၊ တင်ပြချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင် ရေး ညှိနှိုင်းဆွေးနွေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဟဲဟိုးမြို့နယ်ရှိ လေဆိပ် ရှောင်ကွင်းလမ်း ဖောက်လုပ်မည့် ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ ရှမ်းပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြား ရေးမှူး(မြို့ပြ) ဦးသူရဇော်က နယ်စပ် ရေးရာဝန်ကြီးဌာနမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဖောက်လုပ်ခဲ့သည့် ပွေးလှ-ဝါးတရာ-မြေခြားလမ်းနှင့် လမ်းဦးစီးဌာနက တာဝန်ယူဖောက်လုပ် သည့် ဟဲဟိုး-ဘော်ဆိုင်း-ပင်းတယ လမ်းထိစပ်မှုအခြေအနေများ၊ လမ်း ဦးစီးဌာနက တာဝန်ယူဆောင်ရွက်မည့် ဟဲဟိုး-ပင်းတယ လမ်းပိုင်းမှ လေဆိပ်ရှောင်ကွင်းလမ်း ဖောက်လုပ် မည့် လျာထားလမ်းကြောင်း လမ်းမြေ ရရှိရေး ဥပဒေနှင့်အညီ ဒေသခံများနှင့် ညှိနှိုင်းဆောင်ရွက်ထားရှိမှု၊ အဆင့် လိုက် ဆောင်ရွက်မည့် အခြေအနေ များအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်‌ထောင်စုဝန်ကြီးက လိုအပ်သည် များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်