ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌနှင့် ဂျပန်အထက်လွှတ်တော် အမတ်ဟောင်းအား လက်ခံတွေ့ဆုံ

 

 

နေပြည်တော် ဇန်နဝါရီ ၂၀

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်သည် ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌနှင့် ဂျပန်အထက်လွှတ်တော်အမတ်ဟောင်း မစ္စတာ ဝါတာနာ ဘေး ဟိဒဲအိုအား ယနေ့မွန်းလွဲ ၂ နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

အမြင်ချင်းဖလှယ် ဆွေးနွေး

တွေ့ဆုံဆွေးနွေးစဉ် နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ ပြည်သူများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှု၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဂျပန်-မြန်မာအသင်းတို့ နယ်စပ်ဒေသ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာ ဂျပန်ဘာသာစကားပြောသင်တန်း ဖွင့်လှစ်အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ အလွန်တွင် ဆက်လက်ဆောင်ရွက်မည့် သက်ကြီးရွယ်အိုစောင့်ရှောက် ရေး သင်တန်းဆိုင်ရာကိစ္စ၊ The Nippon Foundation နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ခေါင်းဆောင်မှုနှင့်စီမံ ခန့်ခွဲမှုဆိုင်ရာသင်တန်းကိစ္စ၊ ဂျပန်နိုင်ငံ Sustaina-bridge (SB) နှင့် ပူးပေါင်းဖွင့်လှစ်သည့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း ကျောင်း (ဘားအံ) ကိစ္စ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ဆောင်ရွက်လျက်ရှိသော နယ်စပ်ဒေသ ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု များနှင့် ဂျပန်နိုင်ငံ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် စေတနာအဖွဲ့၊ Terra People Association (TPA)၊ JICA၊ Nishida Barley Processing Co.,Ltd တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း များအား ရင်းနှီးပွင့်လင်းစွာ အသေးစိတ်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တက်ရောက်

အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာ အီချိရော မာရုယာမနှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်