ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အင်းစိန်ဗဟိုအကျဉ်းထောင်နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်(ရန်ကုန်)နှင့်ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အင်းစိန်ဗဟိုအကျဉ်းထောင်နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်(ရန်ကုန်)နှင့်ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းများ ကြည့်ရှုစစ်ဆေး

====================================================================================================================

 

နေပြည်တော် ဇန်နဝါရီ ၈

 

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် သည် ယမန်နေ့ နံနက် ၈ နာရီခွဲတွင် တာဝန်ရှိသူများနှင့်အတူ အင်းစိန် ဗဟိုအကျဉ်းထောင်သို့ သွားရောက် စစ်ဆေးခဲ့ရာ အကျဉ်းဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်း၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဇော်၊ အကျဉ်း ထောင် တာဝန်ခံအရာရှိနှင့် အကျဉ်း ထောင် တာဝန်ရှိသူများက အကျဉ်း ထောင်၏ လုပ်ငန်းဆောင်ရွက်ချက် များနှင့် အကျဉ်းထောင်အတွင်းနှင့် အပြင်၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြား သည်။

 

ကြည့်ရှုစစ်ဆေး

 

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဗဟိုကင်းပေါ်သို့ တက်ရောက်၍ အကျဉ်းထောင်တွင်း အဆောက်အအုံများ ကြည့်ရှုခြင်း၊ အကျဉ်းထောင်တွင်း ဝင်ရောက်၍ ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် အမှုစစ်ဆေးနေမှုအခြေအနေနှင့် ကျသစ်၊ ချုပ်သစ်များအား Quarantine ထားရှိသည့် အိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစု များကို တွေ့ဆုံမှာကြားသည်။

 

ယင်းနောက် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်သည် နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်ရှိ Command and Control Center တွင် မီးဘေးနှင့် အခြားသော သဘာဝဘေးအန္တရာယ် များ ဖြစ်ပွားပေါ်ပေါက်လာပါက လျင်မြန်စွာ ထိန်းချုပ်ကွပ်ကဲတုံ့ပြန် ဆောင်ရွက်နိုင်ရန် ဆောင်ရွက်ထား ရှိသည့် အဆင့်မြင့်နည်းပညာရပ်များ၊ အထောက်အကူပြုနည်းစနစ်များနှင့် အထပ်မြင့် အဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် အခြားသော လုပ်ငန်းများအတွက် မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုချက်များနှင့် မီးဘေး လုံခြုံရေး စစ်ဆေးထောက်ခံချက်များ ရယူလျှောက်ထားဆောင်ရွက်ရာတွင် အွန်လိုင်းစနစ်မှ ထုတ်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင်ရှိ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းသို့ ရောက်ရှိပြီး မီးသတ်စခန်းတွင် ထားရှိသည့် မီးသတ်ယာဉ်/စက် ပစ္စည်းကိရိယာ များကို ကြည့်ရှုစစ်ဆေး၍ တပ်ဖွဲ့ဝင် များ၏ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသမှု တို့ကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် တပ်ဖွဲ့ဝင်များကို ခွန်အားဖြည့်ရိက္ခာများ ပေးအပ်ကာ မီးသတ်စခန်းအတွင်းရှိ တပ်ဖွဲ့ဝင် နေအိမ် လိုင်းခန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်