ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် နေပြည်တော်အချုပ်ထောင် ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဇူလိုင် ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေး     ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်သည်   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အချုပ်ထောင်ကို ကြည့်ရှုစစ်ဆေးသည်။ 

 


လိုက်နာလေ့ကျင့်စေရေးမှာကြား

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည်  အချုပ် ထောင်အဝင်ဝရှိ ကျန်းမာရေးစစ်ဆေးနေမှုနှင့် အချုပ် ထောင်ရှိ အကျဉ်းသား အကျဉ်းသူများ နေ့စဉ်နံနက်ခင်း ဆောင်ရွက်လျက်ရှိသည့်      ကိုယ်လက်ကြံ့ခိုင်ရေး ပြုလုပ်နေမှုကို  ကြည့်ရှုစစ်ဆေးကာ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန အစီအစဉ်ဖြင့် မြန်မာ့အသံ နှင့်  ရုပ်မြင်သံကြားတွင်     ထုတ်လွှင့်လျက်ရှိသည့် ကိုယ်လက်ကြံ့ခိုင်ရေး   လေ့ကျင့်ခန်းများနှင့်အညီ လိုက်နာလေ့ကျင့်စေရေး မှာကြားသည်။ 
ယင်းနောက်     ပြည်ထောင်စုဝန်ကြီးသည်  အချုပ်ထောင်စားဖိုဆောင်တွင်   ထမင်း၊  ဟင်းချက်ပြုတ် နေမှု၊    အမျိုးသားအဆောင်(၁၊ ၂၊ ၃)နှင့်  အမျိုးသမီး အဆောင်ကို  စစ်ဆေးပြီး  နေ့စဉ်ထုတ်  မြဝတီ၊  မြန်မာ့အလင်း၊  ကြေးမုံသတင်းစာများကို  အဆောင် အလိုက်ထားရှိပေးရေးနှင့်      အဆောင်တိုင်းတွင် ရုပ်မြင်သံကြားစက်များ    အသစ်ထပ်မံတပ်ဆင် ပေးရေးတို့ကို မှာကြားသည်။

 


ဆက်လက်၍  အချုပ်ထောင်ရှိ  ဆေးခန်းကို စစ်ဆေးပြီး  လိုအပ်သည့်ဆေးဝါးများကို  ထပ်မံ တင်ပြတောင်းခံရေး၊  အချုပ်ထောင်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမရှိသည့် အခြေအနေကို ဆက်လက် ထိန်းသိမ်းထားနိုင်ရေး မှာကြားသည်။

 


ထို့နောက် အချုပ်ထောင်ရှိ စည်းကမ်းထိန်းသိမ်း ရေးရုံးခန်းအတွင်း အချုပ်သားခြောက်ဦးနှင့် အပြစ်ကျ တရားခံနှစ်ဦးတို့ကိုတွေ့ဆုံကာ  ကိုဗစ်-၁၉  ရောဂါ နှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားရှိသည့် စည်းမျဉ်းစည်းကမ်းနှင့် ညွှန်ကြားချက်များကို  သိရှိလိုက်နာကြရန်  လိုအပ် ကြောင်း၊ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်း ထောင်၊ အချုပ်ထောင်များရှိ အကျဉ်းသား အကျဉ်းသူ များနှင့်  အချုပ်သား  အချုပ်သူများကို  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ညွှန်ကြားစီမံမှုဖြင့် ကာကွယ်ဆေးအမြန်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ထုတ်လွှင့်နေသည့်  သတင်းများကို ကြည့်ရှု ခြင်းအားဖြင့်  သတင်းအမှန်များ  သိရှိနိုင်မည်ဖြစ် ကြောင်းနှင့်    တွေ့ကြုံရသည့်အခက်အခဲများကို ပွင့်လင်းစွာ မေးမြန်းဖြေရှင်းဆောင်ရွက်ပေးသည်။

 


ယင်းနောက်     ပြည်ထောင်စုဝန်ကြီးသည် အချုပ်ထောင်ရှိ ဝန်ထမ်း၊ မိသားစုများနှင့် တွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ      ညွှန်ကြားချက်များကို တိတိကျကျ၊ တင်းတင်းကျပ်ကျပ် လိုက်နာကြရန်နှင့် ဝန်ကြီးဌာနမိသားစုများ စည်းလုံးညီညွတ်ပျော်ရွှင်စွာ နေထိုင်ကြရေး၊   လုံခြုံရေး၊   ဂရုပြုကြရေးတို့ကို မှာကြားပြီး   အာလူး၊  ကြက်သွန်၊ ကြက်ဥ၊ ဆီနှင့် ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်သည်။ 
ဆက်လက်၍ နေပြည်တော် အချုပ်ထောင်၏ မြေလွတ်နေရာများတွင် နေပြည်တော် ပတ်ဝန်းကျင် ရှိ အကျဉ်းထောင်၊ အချုပ်ထောင်များသို့ ရိက္ခာတင်ပို့ နိုင်ရေးအတွက်   အသားတိုးနွားနှင့်   ဥစားကြက် မွေးမြူရေး၊  မြေနေရာ  ဖော်ထုတ်ထားရှိမှုနှင့် တစ်ရှူးငှက်ပျောပင် ၂၀၀၀ စိုက်ပျိုးထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 


ပြည်ထောင်စုဝန်ကြီးအနေဖြင့်  အချုပ်သား၊ အကျဉ်းသား၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများကို တွေ့ဆုံစဉ်        ကောလာဟလသတင်းများနှင့် ပတ်သက်၍   အကျဉ်းထောင်၊   အချုပ်ထောင်များ အလိုက် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေး၊ ထိန်းချုပ် ရေးနှင့် ကုသရေးဆောင်ရွက်နေမှုတို့ကို  ပြည်သူ လူထုနှင့်  အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ သိရှိစေရေး သတင်းမှန်ပြန်ကြားရေးကို စနစ်တကျဆောင်ရွက်ပေးရန်နှင့် လက်ရှိဆောင်ရွက် နေသည့်  ကာကွယ်ရေး၊  ထိန်းချုပ်ရေးလုပ်ငန်းများ ကို  ကျန်းမာရေးနှင့်    အားကစားဝန်ကြီးဌာနက ညွှန်ကြားထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရေးတို့ကို     အသေးစိတ် မှာကြားသည်။

 


ကိုဗစ်-၁၉   ရောဂါ   တတိယလှိုင်းကာလ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင် များတွင်  ကိုဗစ်-၁၉ ရောဂါ   ကူးစက်ခံရသူ အကျဉ်း သား၊ အချုပ်သား ၅၆၆ ဦးရှိခဲ့ပြီး ကုသပျောက်ကင်းသူ ၂၃၄ ဦး၊ လက်ရှိအကျဉ်းထောင်များရှိ သီးသန့်ဆေးရုံ များတွင် ကုသနေသူ ၃၁၄ ဦးနှင့် သေဆုံးသူကိုးဦးရှိ ကြောင်းသိရှိရပြီး သေဆုံးသူကိုးဦးမှာလည်း မူလ ရောဂါအခံရှိသူများဖြစ်ကြောင်းနှင့် ကုသဆဲလူနာ များတွင်လည်း သာမန်ကူးစက်မှုအဆင့်သာရှိပြီး စိုးရိမ်ရသည့် လူနာများမရှိကြောင်း သိရသည်။

 


သတင်းစဉ်