ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၌ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြား

 

နေပြည်တော်   ဇူလိုင်   ၂၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ဇူလိုင် ၂၀ ရက် နှင့် ၂၁ ရက်တွင်      စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့်   တာဝန်ရှိသူများနှင့်အတူ   စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်း  လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်   မိသားစုဝင်များ၊    ဌာနဆိုင်ရာဝန်ထမ်းများကို သွားရောက်တွေ့ဆုံသည်။

 


ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် စစ်ကိုင်း မြို့ရှိ အမှတ်(၃) ရဲလေ့ကျင့်ရေးကျောင်း၌   စစ်ကိုင်းတိုင်းဒေသကြီး အတွင်း  လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန် ထမ်းဆောင်ရန် ရောက်ရှိနေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိ၊ အခြားအဆင့်၊ ရဲတပ်ဖွဲ့ ဝင်များ   တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍   လိုအပ်သည်များကို တွေ့ဆုံမှာကြားပြီး  လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

 


တည်ငြိမ်အေးချမ်းရန်ဆောင်ရွက်


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မုံရွာမြို့  နယ်မြေခံ တပ်နယ်ခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန် ထမ်းဆောင်နေကြသည့်  တပ်မတော်သားများ၊  ရဲတပ်ဖွဲ့ဝင်များနှင့်လည်းကောင်း၊   မွန်းလွဲပိုင်းတွင်   မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ နယ်မြေခံတပ်နယ်ခန်းမတွင် ပခုက္ကူခရိုင်အတွင်း လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက်   တာဝန်ထမ်းဆောင်နေကြသည့်   တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်လည်းကောင်း၊ ဇူလိုင် ၂၁ ရက် နံနက်ပိုင်း တွင် ကန့်ဘလူမြို့ ခရိုင်စုပေါင်းရုံး၌လည်းကောင်း၊ ရေဦးမြို့ “ရွှေနဒီ” ခန်းမ၌လည်းကောင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး  တာဝန်ထမ်း ဆောင်နေသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို  တွေ့ဆုံပြီး လက်ရှိနိုင်ငံတော်၌   ဖြစ်ပေါ်နေသော   အကြမ်းဖက်တိုက်ခိုက်မှုနှင့် နယ်မြေအေးချမ်းတည်ငြိမ်မှု တိုးတက်လာသည့် အခြေအနေများကို ရှင်းလင်းချပြပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင်   မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄)ရပ်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊  မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့ဝင်များ လိုက်နာရမည့်  အစဉ်အလာကောင်း(၁၂)ရပ်တွင်ပါရှိသည့် “နိုင်ငံတော် တွင်   အရေးကြုံတိုင်း နောင်တော်တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲ၍   ကာကွယ်စောင့်ရှောက်ခဲ့သည့်  တပ်ဖွဲ့ဖြစ်သည်”ဟူသည့် အချက်နှင့်အညီ  တပ်မတော်နှင့်အတူ   လက်တွဲ၍  လက်ရှိနိုင်ငံတော်၏ အခြေအနေကို   တည်ငြိမ်အေးချမ်းရန်   ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။

 


ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်


 မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကျင့်သုံးနေသည့် နိုင်ငံဖြစ်သည့် အတွက်   မဲပေးခွင့်ရှိသူအားလုံး  ဆန္ဒမဲပေး၍ မှန်ကန်မျှတမှုရှိသည့် ရွေးကောက်ပွဲ    ကျင်းပရမည်ဖြစ်ကြောင်း၊     ယင်းသို့ကျင်းပရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ရှေ့လုပ်ငန်းစဉ် (၅)ရပ် အပိုဒ်(၅)တွင် ပါရှိသည့်အတိုင်း အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက  ရွေးကောက်ပွဲပြန်လည်ကျင်းပပြီး အနိုင်ရရှိသည့် ပါတီအား ဒီမိုကရေစီစံနှုန်းနှင့်အညီ နိုင်ငံတော်အာဏာအား လွှဲပြောင်း ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက်  ရွေးကောက်ပွဲ ကျင်းပရန် နိုင်ငံတစ်ဝန်း လုံခြုံအေးချမ်း၍ တည်ငြိမ်မှုရှိရန်လိုအပ်ကြောင်း၊ ယင်းသို့      တည်ငြိမ်အေးချမ်းမှုရှိရန်အတွက်     နောင်တော် တပ်မတော်နှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လက်တွဲပူးပေါင်းဆောင်ရွက် လျက်ရှိခြင်း ဖြစ်ကြောင်း၊ လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  တက်ညီလက်ညီ ဖြင့် ပူးပေါင်းဆောင်ရွက်ရန်၊ လုံခြုံရေးသတိရှိစွာဖြင့် မိမိတို့၏ တာဝန် အား   ကျေပွန်စွာဆောင်ရွက်သွားရန်၊  ထိုသို့ပူးပေါင်းဆောင်ရွက်ခဲ့မှု များကြောင့် အောင်မြင်မှုအကျိုးအမြတ်များရရှိခဲ့ပြီး ယခင်ထက် နယ်မြေ ဒေသအတွင်း လုံခြုံ၊ တည်ငြိမ်မှု အခြေအနေ တိုးတက်မှုများ ရှိလာခဲ့ သည့်အတွက် ဆောင်ရွက်ခဲ့မှုများအပေါ် ဂုဏ်ပြုပါကြောင်းနှင့် လုံခြုံရေး တာဝန်များကို  ဆတက်ထမ်းပိုး ထမ်းဆောင်သွားကြရန် လိုအပ်ကြောင်း ရှင်းလင်းမှာကြားပြီး တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်သည်။

 


အလားတူ ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၂၀ ရက်တွင် မကွေး တိုင်းဒေသကြီး ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး  အစည်း အဝေးခန်းမ၌လည်းကောင်း၊  ဇူလိုင် ၂၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ ခရိုင်စုပေါင်းရုံး၌လည်းကောင်း၊ ရေဦးမြို့  “ရွှေနဒီ”ခန်းမ၌ လည်းကောင်း    ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံပြီး   လက်ရှိ နိုင်ငံတော်တွင် တည်ငြိမ်အေးချမ်းမှု တိုးတက်လာသည့် အခြေအနေနှင့် အထက်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတစ်ဝန်း အကောင် အထည်ဖော်ဆောင်ရွက်နေသည့် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ထိရောက်စွာ ဖွဲ့စည်း ဆောင်ရွက်သွားကြရန်၊ နိုင်ငံ့ဝန်ထမ်းများဖြစ်၍  မိမိတို့၏  လုပ်ငန်း တာဝန်များကို ကြိုးစား၍ တာဝန်ကျေပွန်အောင်  ဆောင်ရွက်ကြရန် ရှင်းလင်းမှာကြား၍ ထောက်ပံ့ငွေများပေးအပ်သည်။

 


အားပေးစကားပြောကြား


ထို့နောက်   ပြည်ထောင်စုဝန်ကြီးသည်   တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ   ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့်  တပ်ဖွဲ့ဝင်မိသားစုများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေ များပေးအပ်၍ အားပေးစကားပြောကြားသည်။

 


ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း အမှတ်(၃)ရဲလေ့ကျင့် ရေး သင်တန်းကျောင်းသို့ရောက်ရှိစဉ် ရဲတပ်သားသစ်စားရိပ်သာကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ စားရိပ်သာ၌ ရဲတပ်သားသစ်သင်တန်း အမှတ်စဉ် (၃၉/၂၀၂၂)မှ   သင်တန်းသားများနှင့်အတူ   နေ့လယ်စာ စားသုံးသည်။

 


ညစာစားပွဲသို့တက်ရောက်


ဇူလိုင် ၂၀ ရက် ညပိုင်း၌ ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လုံခြုံရေးနှင့်  တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို တာဝန်ကျေပွန်စွာ    ထမ်းဆောင်ခဲ့သည့်   တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုတည်ခင်းသည့် ညစာစားပွဲသို့တက်ရောက် ခဲ့ပြီး လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ စွမ်းစွမ်းတမံ ဆောင်ရွက်သည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြု ချီးမြှင့်နိုင်ရန်အတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ဂုဏ်ပြု ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။         
     

သတင်းစဉ်