ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

 

နေပြည်တော်  မတ်   ၃၀ 


နယ်စပ်ရေးရာဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်သည် ရန်ကုန် မြို့ရှိ    ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ   မဟာ မင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ms. Hai Kyung Jun အား ယနေ့  မွန်းလွဲ ၃  နာရီတွင်  နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌      လက်ခံတွေ့ဆုံ သည်။

 


တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသ များ တည်ငြိမ်အေးချမ်းရေး၊  ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများတွင် နေထိုင်ကြသည့်  တိုင်းရင်း သားပြည်သူများ၏   လူမှုစီးပွားဘဝများ   ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု၊ နယ်စပ် ရေးရာဝန်ကြီးဌာနနှင့် UNHCR တို့အကြား ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ     ညှိနှိုင်းပေါင်းစပ်ရေးကော်မတီက အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိသည့် နေရပ်စွန့်ခွာသွားသူများ  ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ   ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ  အမျိုးသားအဆင့်ကော်မတီက   လုပ်ငန်း ကော်မတီ ၅ ရပ်အပြင် ပြည်နယ် အဆင့်ကော်မတီ များဖွဲ့စည်း၍ လုပ်ငန်းများ  ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်မှုကြောင့်   ဖြစ်ပေါ်တိုးတက်မှုနှင့် ရှေ့ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားမည့် အစီအမံများကို  ရင်းနှီးပွင့်လင်းစွာ အမြင် ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။ 


သတင်းစဉ်