ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးကို လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဇန်နဝါရီ    ၂၅


နယ်စပ်ရေးရာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မြန်မာ နိုင်ငံဆိုင်ရာ  တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ် ကြီး H.E.Mr.Chen Hai ကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး


တွေ့ဆုံစဉ် ဝန်ကြီးဌာန၏  လုပ်ငန်းတာဝန်များ ဖြစ်သည့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက်  ဆောင်ရွက်ပေးနေမှုများ၊  မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သဘောတူညီချက်များအတိုင်း ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊    ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာလုပ်ငန်းများ     ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီက ဆောင်ရွက်လျက်ရှိသည့် နေရပ်စွန့်ခွာ သွားသူများ ပြန်လည်စိစစ်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေးတို့အတွက်   ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများ၊  ပြည်တွင်းနေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ၏   လုပ်ငန်းများ   အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေနှင့်   ဖြစ်ပေါ်တိုးတက်မှု များ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်နေသည့်        ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာကိစ္စရပ်များကို  ရင်းနှီးခင်မင် စွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး  ဗိုလ်ချုပ်ဖြိုးသန့်၊   အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့်       ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။                  

  သတင်းစဉ်