ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက်ရောက်မည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံမှာကြား

 

ရန်ကုန်    မေ   ၁၁  


နယ်စပ်ရေးရာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည်   ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ  ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) သို့ ရောက်ရှိပြီး စာသင်ခန်းများ၊ လက်တွေ့ခန်း များ၊ Language Lab ခန်းများ၊ Computer စာသင်ခန်းများ၊  အိပ်ဆောင် များ၊   စားရိပ်သာများနှင့်    ကျောင်းသား  ကျောင်းသူများအတွက် ချက်ပြုတ်နေမှုများ၊ စာကြည့်တိုက်၊ ကျောင်းတွင်းသန့်ရှင်း သာယာ လှပရေး ဆောင်ရွက်ထားရှိမှု၊    အားကစားကွင်းကို  အဆင့်မြှင့်တင်ရန် ဆောင်ရွက်မည့်အခြေအနေတို့ကို  လှည့်လည်စစ်ဆေးခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် တက်ရောက်မည့်   ကျောင်းသား ကျောင်းသူများ အား တွေ့ဆုံနှုတ်ဆက်သည်။

 


ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေး


ပြည်ထောင်စုဝန်ကြီးက ကျောင်းသား  ကျောင်းသူများ၏ တစ်နေ့ တာ အချိန်ဇယားများ ညှိနှိုင်းရေး၊  ကျောင်းသား ကျောင်းသူများအား အိပ်ဆောင်နေရာချထားရေး၊ ကျောင်းသား ကျောင်းသူများ ကိုယ်ခန္ဓာ ဖွံ့ဖြိုးရေးအတွက် အာဟာရပြည့်ဝအောင်   ချက်ပြုတ်ကျွေးမွေးရေး၊ သင်ကြားရေးအဆင့်မြှင့်တင်ရန်အတွက်  အင်္ဂလိပ်စာ Language Lab စာသင်ခန်းများ တိုးချဲ့ရေး၊ ဘာသာရပ်အလိုက်  လက်တွေ့ခန်းသုံးပစ္စည်း များနှင့်    အထောက်အကူပြုပစ္စည်းများ  ဖြည့်တင်းရေး၊   ကောလိပ် စာကြည့်တိုက်ကို e-Library အဖြစ် အဆင့်မြှင့်တင်ရေးတို့ကို မှာကြား ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။

 


ဦးတည်ချက်ထားရှိ ဆောင်ရွက်


ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ  စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမ၌   ကျောင်းအုပ်ကြီး၊   ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခများ၊  ဆရာ ဆရာမများ၊  ဝန်ထမ်း များ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI အတန်းစုံမှ ကျောင်းသား  ကျောင်းသူများ အား  တွေ့ဆုံအမှာစကားပြောကြားရာ၌   ကျောင်းသား  ကျောင်းသူ တစ်ဦးချင်းအနေဖြင့်   စာပေဘာသာရပ်များအပြင်   စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊  ယုံကြည်ချက်၊ ခံယူချက်များ  မြင့်မားစေရေးအတွက်  သင်ကြားရေးနှင့်  လေ့ကျင့်ရေးဆိုင်ရာ   သင်ထောက်ကူပစ္စည်းများ၊ အားကစားပစ္စည်းများ  အဆင့်မီစွာ   ပြင်ဆင်ထားရှိသည့်အလျောက်  သင်တန်းသားများ၏  သစ္စာအဓိဋ္ဌာန်လေးချက်၊ ကျန်းမာရေးဆောင်ပုဒ် တို့နှင့်အညီ စနစ်တကျလေ့ကျင့်ဆောင်ရွက်သွားကြရန်၊  ဆရာ  ဆရာမ များနှင့်    အုပ်ချုပ်ရေးပိုင်းမှ  တာဝန်ရှိသူများအနေဖြင့်လည်း     မိမိတို့ ကျောင်းမှ   သင်ကြားလေ့ကျင့်မွေးထုတ်လိုက်သော   ကျောင်းသား ကျောင်းသူများသည် ပညာရပ်ပိုင်းတွင်သာမက စိတ်ဓာတ်၊ ခံယူချက်၊ ယုံကြည်ချက်နှင့်    အားကစားကဏ္ဍများတွင်ပါ      ဘက်စုံထူးချွန် ထက်မြက်ပြီး  အနာဂတ်တွင် နိုင်ငံတော်မှ အားထားရသည့် နိုင်ငံ့သား ကောင်း  သမီးကောင်းများ ဖြစ်လာစေရန် ဦးတည်ချက်ထားရှိ ဆောင်ရွက် သွားကြရန်  မှာကြားခဲ့ကြောင်း သိရသည်။           

သတင်းစဉ်