ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် မိတ္ထီလာခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   နိုဝင်ဘာ   ၁၆  


နယ်စပ်ရေးရာဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး     ထွန်းထွန်းနောင်    သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ တာဝန်ရှိသူများနှင့်အတူ   ယနေ့ နံနက်ပိုင်းတွင်     ကျောက်ဆည် ခရိုင် မြစ်သားမြို့နယ် ကံဆွယ် ကျေးရွာအုပ်စု    မြသုခကျေးရွာ အနီး   အနောက်ပြက္ခရွေတောင် တော်ပေါ်၌   အနော်ရထာမင်းကြီး  တည်ထားကိုးကွယ်ခဲ့သည့် ပဉ္စမ မြောက် စွယ်တော်မြတ်စေတီသို့ ဖောက်လုပ်လျက်ရှိသည့်  တောင် တက်မြေသားလမ်း လေးမိုင်ပြီးစီး မှု   အခြေအနေကို   သွားရောက် ကြည့်ရှုစစ်ဆေးပြီး    ရာသီမရွေး သွားလာနိုင်သည့်     အမာခံလမ်း အဖြစ် ဆက်လက်ဆောင်ရွက်ရန် မှာကြားသည်။


ကြည့်ရှုစစ်ဆေး


ထို့နောက်     စွယ်တော်မြတ် စေတီ  ပရိဝုဏ်အတွင်း  လိုက်လံ ကြည့်ရှုစစ်ဆေး၍ ပြုပြင်ဆောင် ရွက်ရန်     လိုအပ်သည်များကို ဆရာတော်များထံ       လျှောက် ထားပြီး     တာဝန်ရှိသူများအား မှာကြားသည်။


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးနှင့်  အဖွဲ့သည်  ဝမ်းတွင်း မြို့နယ် ဘုရားဖြူကျေးရွာအုပ်စု ရွာရှည်ကျေးရွာ        ရေရရှိရေး အတွက် နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ     ဆောင်ရွက်ထားရှိ သော ထရန်စဖော်မာနှင့် ရေတင် မော်တာများ         တပ်ဆင်ခြင်း၊ ရေပိုက်သွယ်တန်းခြင်း လုပ်ငန်း များနှင့်       မြေသားရေကန်များ အတွင်း  ရေဖြည့်တင်းမှု   အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။ 

ရှင်းလင်းတင်ပြ


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်      မိတ္ထီလာ ခရိုင်   ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိရာ ခရိုင်ကြီးကြပ်ရေးမှူး က    ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  ဆောင်ရွက်ထားရှိမှု၊      ယာဉ်/ ယန္တရားများကြံ့ခိုင်မှုနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အထောက် အကူပြုပစ္စည်းများ     ထိန်းသိမ်း ထားရှိမှု      အခြေအနေများကို ရှင်းလင်းတင်ပြသည်။


တင်ပြချက်များအပေါ် ပြည် ထောင်စုဝန်ကြီးက လိုအပ်သည် များ  မှာကြားပြီး   ရုံးဝင်းအတွင်း ယာဉ်/ယန္တရားများနှင့် ထောက်ပံ့ ပစ္စည်းများ ထိန်းသိမ်းထားရှိမှုကို လှည့်လည်     ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်