
နေပြည်တော် ဒီဇင်ဘာ ၃၀
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုနှင့် အတူ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ပူတာအို မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်း များ၊ ကျောင်းသား ကျောင်းသူများ ကို တွေ့ဆုံအမှာစကား ပြောကြား ၍ ချီးမြှင့်ငွေများ၊ ကျောင်းဝတ်စုံ နှင့် ကျောင်းသုံးစာရေးကိရိယာ များပေးအပ်ကာ ကျောင်းဝင်း အတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာ နှင့် ကျောင်းသား ကျောင်းသူများ ပိုမိုတိုးချဲ့ လက်ခံနိုင်ရေးအတွက် တည်ဆောက်နေသော တည် ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသမီး အိမ်တွင်းမှုလုပ်ငန်း သက်မွေး ပညာသင်တန်းကျောင်းသို့ ရောက် ရှိပြီး ဝန်ထမ်းများ၊ သင်တန်းသူ များနှင့်တွေ့ဆုံ၍ သင်ကြားပေး သည့် အိမ်တွင်းမှုဘာသာရပ်များ ကျွမ်းကျင်စွာ တတ်မြောက်စေရေး နှင့် သင်တန်းဆင်းပြီး နောက်ပိုင်း တွင်လည်း အသက်မွေးဝမ်း ကျောင်းပြု ဘဝရပ်တည်နိုင်သည် အထိ ကူညီဆောင်ရွက်ပေး ရေးတို့ကို ရှင်းလင်းမှာကြား ပြီး သင်တန်းကျောင်းဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထောက်ပံ့လှူဒါန်း
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပူတာအိုမြို့ ရှိ ဇေယျသိဒ္ဓိပရဟိတကျောင်း တိုက်၊ ဟိုခိုဘုန်းတော်ကြီးကျောင်း သို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာ တော်အား ဖူးမြော်ကြည်ညို၍ ဆရာတော်၊ သံဃာတော်များ ဆွမ်း ကွမ်းအခက်အခဲ မရှိစေရေးနှင့် အဆိုပါဘုန်းတော်ကြီးကျောင်း၌ တက်ရောက်ပညာသင်ကြားနေ ကြသော ကျောင်းသား ကျောင်းသူ များအတွက် စားသောက်မှုအဆင် ပြေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ စသည့်စားသောက်ဖွယ်ရာ ပစ္စည်း များနှင့် အလှူငွေများ ထောက်ပံ့ လှူဒါန်းသည်။
ယင်းနောက် ကျောင်းဝင်း အတွင်း နယ်စပ်ရေးရာဝန်ကြီး ဌာနမှ လှူဒါန်းဆောက်လုပ်ပေး လျက်ရှိသည့် RC တစ်ထပ် ထမင်း စားဆောင် ပေ (၉၀ x ၃၀) တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်း တွင် ကဆန်ခချောင်းကူး မဂွေဇ တံတားသို့ရောက်ရှိခဲ့ပြီး မဂွေဇ- ခေါင်လန်ဖူးလမ်းစီမံကိန်း မေခ မြစ်အနောက်ခြမ်း လမ်းပိုင်းပေါ်၌ တောင်ကျရေတိုက်စားမှု မရှိစေ ရေးအတွက် ဆောင်ရွက်ထားသည့် ရေကျော်များ၊ ခရီးသွားပြည်သူများ တည်းခိုနေထိုင်ရန် တည်ဆောက် ထားရှိသည့် ယာယီတည်းခိုဆောင် များကို ကြည့်ရှုစစ်ဆေး၍ ပေ ၇၇၀၀ မြင့်မားသော ဆန်းလွတ် ချက်တောင်ကြား၏ ပတ်ဝန်းကျင် ရှုခင်းများအားကြည့်ရှု၍ အနာဂတ်ကာလ ခရီးသွားလုပ်ငန်း များတိုးတက်စေရေးနှင့် အပန်းဖြေ လာရောက်သူများအတွက် အဆင် ပြေစိတ်ချမ်းမြေ့မှု ရရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို တာဝန်ရှိသူများ အား မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မိုးရာသီ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သော တံတားများ ပြန်လည်တည်ဆောက်ပြီးစီးမှု၊ ခေါင်လန်ဖူးဒေသ အထိမ်းအမှတ် ရဝမ်၊ လီဆူရုပ်တုများ ဆောင်ရွက် ထားရှိမှုများနှင့် ရီဒမ်းကြိုးတံတား ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်း တွင် ခေါင်လန်ဖူး မြို့နယ် ဧည့်ရိပ် သာ နှစ်ထပ်ဆောင် တည်ဆောက် နေမှု၊ မြို့တွင်းကွန်ကရစ်လမ်းများ ခင်းထားမှု ၊ အထက်တန်းကျောင်း၊ တိုးချဲ့မြို့ကွက်သစ် ဆောင်ရွက် နေရာချထားမှု၊ မြို့ပတ်လမ်း အား ကျောက်ချောလမ်းအဖြစ် ဆက်လက်ဆောင်ရွက်မှု၊ ရဝမ် အမျိုးသားဥယျာဉ်နှင့် မြို့ဘောလုံး ကွင်းဆောင်ရွက်ထားရှိမှု၊ မြို့မ စျေးရှိ စျေးဆိုင်ခန်းများတွင် စျေး ရောင်းချနေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး မြို့ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သည်များ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တာဝန်ရှိသူ များအား မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ခေါင်လန်ဖူး မှ ဆရန်ဖာသို့ ဆက်သွယ်သည့် မြေသားလမ်း ဖောက်လုပ်နေမှု ကို လည်းကောင်း၊ ခေါင်လန်ဖူး နှင့် ရီဒမ်းအကြားလမ်းပိုင်းတွင် ခေါင်လန်ဖူးမြို့ ခရီးသည်နှင့် ကုန်တင်ယာဉ်ရပ်နားကွင်းများ လျာထားသည့် မြေနေရာ၊ ရှုခင်း သာ ကြည့်ရှုဆောင် ဆောင်ရွက် မည့်နေရာ၊ လမ်းတာချဲ့ရန် ကျောက်တောင်မိုင်းခွဲဆောင်ရွက် နေမှု၊ မြေပြိုမှုများကို ရှင်းလင်း ခြင်းဆောင်ရွက်နေမှု၊ ထလား ထော် ကျေးရွာအဝင် ကျောက်ချော လမ်းခင်းနေမှု အခြေအနေတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေး သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် မေခမြစ်ကူး ရီဒမ်းတံတားပေ ၆၀၀ တည် ဆောက်မှုလုပ်ငန်းခွင်သို့ ရောက်ရှိ ခဲ့ပြီး တာဝန်ခံအင်ဂျင်နီယာ က တံတားတည်ဆောက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ဝန်ကြီးဌာနနှစ်ခု ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ရမည့်ကိစ္စရပ် များကို ရှင်းလင်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ဇီဝဒမ်ရှိ မဂွေဇ-ခေါင်လန်ဖူးလမ်း စီမံကိန်း ရုံးသို့ ရောက်ရှိစစ်ဆေးပြီး လမ်း လုပ်ငန်း ဆောင်ရွက်နေကြသည့် အင်ဂျင်နီယာများ၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ လမ်း လုပ်သားများအား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်