
နေပြည်တော် မေ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့နံနက်ပိုင်း တွင် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့်အတူ မန္တလေးတိုင်းဒေသ ကြီး ပြင်ဦးလွင်မြို့နယ်ရှိ ရဲအရာရှိလေ့ကျင့်ရေး ကျောင်းသို့ သွားရောက်စစ်ဆေးသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရဲအရာရှိ လေ့ကျင့်ရေးကျောင်းရှိ E-Library နှင့် စာကြည့်တိုက်၊ နည်းပညာပြခန်း၊ Audio Lab ၊ သရုပ်ပြခန်း၊ သင်တန်းသားစာသင်ခန်းများ၊ ကွန်ပျူတာလက်တွေ့ ခန်း၊ ကျောင်းပြတိုက်၊ ဆောက်လုပ်ဆဲ လေးထပ် စာသင်ဆောင်၊ အရာရှိရိပ်သာနှင့် စစ်နည်းဗျူဟာ လေ့ကျင့်ရေးကွင်း၌ သင်တန်းသားများ စစ်နည်း ဗျူဟာဘာသာရပ် သင်ကြားလေ့ကျင့်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားသင်ယူ
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများကို ဘာသာရပ်များ သင်ကြားပို့ချ ပေးရာတွင် E-Library နှင့် စာကြည့်တိုက်ကို အဓိက အားထားရာနေရာအဖြစ် အသုံးချတတ်ရန်အတွက် လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်း အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေပညာရပ် ဆိုင်ရာ စာအုပ်၊ စာစောင်များကိုလည်း ယခုထက် ပိုမိုထပ်မံဖြည့်တင်းထားရှိရန် လိုအပ်ကြောင်း၊ မှုခင်းဖော်ထုတ်မှု သရုပ်ပြသခြင်းနှင့် လေ့ကျင့်ရာ တွင် ပီပြင်အောင် သင်ကြားလေ့ကျင့်ပေးရန်နှင့် မှုခင်းဖော်ထုတ်ရာတွင် နည်းပညာကိုသာမက အတွေးအခေါ်ကိုပါ အခြေခံ၍ ကောက်ချက်ချနိုင် သည့် အရည်အချင်းရရှိအောင် လေ့ကျင့်ပေးရန် လိုအပ်ကြောင်း၊ သင်တန်းသားများအနေဖြင့် လက်တွေ့နယ်ပယ်တွင် တာဝန်ဝတ္တရားများ ထမ်းဆောင်ရာ၌ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ မဖြစ်ပေါ်စေရေး၊ လုပ်ငန်းကျွမ်းကျင်စေရေးနှင့် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာ ရေးတာဝန်များ ထမ်းဆောင်နိုင်ရန် စစ်နည်းဗျူဟာ ပညာရပ်များကို သင်တန်းကာလအတွင်း ကျွမ်းကျင် တတ်မြောက်အောင် ကြိုးစားသင်ယူသွားကြရန်နှင့် သင်တန်းကျောင်းရှိ ပြတိုက်တွင် စွမ်းရည်၊ သတ္တိ ဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏ မှတ်တမ်းများ ထားရှိရန်လိုအပ်ကြောင်း။
ရွေးချယ်တာဝန်ချထားပေး
စစ်နည်းဗျူဟာဘာသာရပ်များ သင်ကြားပို့ချရာ တွင် သင်တန်းသားများအား ခံစစ်ကဏ္ဍကို စနစ် တကျ လေ့ကျင့်ပေးရန်၊ စစ်ပညာကျွမ်းကျင်မှုရှိပြီး စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ရှိအောင် လေ့ကျင့် ပေးရန်၊ မိုင်းသတိ၊ မိုင်းအသိရှိရေးနှင့် မိုင်းကို ကျွမ်းကျင်စွာ အသုံးချတတ်အောင် လေ့ကျင့်ပေး ရန်နှင့် သင်တန်းနည်းပြများနှင့်ပတ်သက်၍ အတွေ့ အကြုံရှိပြီး လက်တွေ့နယ်ပယ်တွင် လုပ်ငန်း ကျွမ်းကျင်မှုရှိသည့် နည်းပြအရာရှိကောင်းများကို ရွေးချယ်တာဝန်ချထားပေးရန် လိုအပ်ကြောင်း။
သာယာလှပအောင် ဝိုင်းဝန်းဆောင်ရွက်
ဆောက်လုပ်ဆဲ လေးထပ် စာသင်ဆောင်တွင် မီးဘေးအန္တရာယ်နှင့် မိုးကြိုးအန္တရာယ်မှ ကာကွယ် သည့် စနစ်များ၊ အဆင့်မီရေအိမ်သုံးပစ္စည်းများနှင့် LED မီးများတပ်ဆင်ရန်၊ မီးကြိုးများကို ကွန်ကရစ် တွင်မြှုပ်၍ သွယ်တန်းတပ်ဆင်ရန်၊ အဆောက်အအုံ မျက်နှာစာတွင် ကွန်ကရစ်တန်းစီကွင်း ထည့်သွင်း တည်ဆောက်ရန်နှင့် အဆောက်အအုံများ သတ်မှတ် ကာလအတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီး နိုင်ရေး တွန်းအားပေးကြပ်မတ်ဆောင်ရွက်ရန်နှင့် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပ အောင် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သင်တန်းကျောင်းရှိ သင်တန်းသား စားရိပ်သာတွင် ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၀၇/ ၂၀၂၁) နှင့် (၁၀၈/၂၀၂၂) တို့မှ သင်တန်းသားများ နှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်