
နေပြည်တော် ဇူလိုင် ၂၅
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည် တော် အချုပ်ထောင်ကို ကြည့်ရှု စစ်ဆေးသည်။
လိုက်နာလေ့ကျင့်
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးသည် အချုပ်ထောင်အဝင်ဝ ရှိ ကျန်းမာရေးစစ်ဆေးနေမှု နှင့် အချုပ်ထောင်ရှိ အကျဉ်းသူ၊ အကျဉ်းသားများ နေ့စဉ် နံနက် ခင်း ဆောင်ရွက်လျက်ရှိသည့် ကိုယ်လက်ကြံ့ခိုင်ရေးပြုလုပ်နေ မှုကို ကြည့်ရှုစစ်ဆေးကာ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန အစီအစဉ်ဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့် လျက်ရှိသည့် ကိုယ်လက်ကြံ့ခိုင် ရေး လေ့ကျင့်ခန်းများနှင့်အညီ လိုက်နာလေ့ကျင့်စေရေး မှာကြား သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် အချုပ်ထောင်စားဖို ဆောင်တွင် ထမင်း၊ ဟင်း ချက်ပြုတ်နေမှု၊ အမျိုးသား အဆောင် (၁၊ ၂၊ ၃)နှင့် အမျိုးသမီး အဆောင်ကို စစ်ဆေးပြီး နေ့စဉ် ထုတ် မြဝတီ၊ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများကိုအဆောင် အလိုက် ထားရှိပေးရေးနှင့် အဆောင်တိုင်းတွင် ရုပ်မြင်သံကြား စက်များ အသစ်ထပ်မံ တပ်ဆင် ပေးရေးတို့ကို မှာကြားသည်။
ဆက်လက်၍ အချုပ်ထောင်ရှိ ဆေးခန်းကို စစ်ဆေးပြီး လိုအပ် သည့်ဆေးဝါးများကို ထပ်မံတင်ပြ တောင်းခံရေး၊ အချုပ်ထောင်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမရှိ သည့် အခြေအနေကို ဆက်လက် ထိန်းသိမ်းထားနိုင်ရေး မှာကြား သည်။
ကာကွယ်ဆေး အမြန်ထိုးနှံ
ထို့နောက် အချုပ်ထောင်ရှိ စည်းကမ်းထိန်းသိမ်းရေး ရုံးခန်း အတွင်း အချုပ်သား ခြောက်ဦးနှင့် အပြစ်ကျတရားခံ နှစ်ဦးတို့ကို တွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သက်ပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည့် စည်းမျဉ်း စည်းကမ်းနှင့် ညွှန်ကြားချက်များ ကို သိရှိလိုက်နာကြရန် လိုအပ် ကြောင်း၊ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်း ထောင်၊ အချုပ်ထောင်များရှိ အကျဉ်းသူ၊ အကျဉ်းသားများနှင့် အချုပ်သူ၊ အချုပ်သားများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၏ ညွှန်ကြားစီမံမှု ဖြင့် ကာကွယ်ဆေး အမြန်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ တော်မှ ထုတ်လွှင့်နေသည့် သတင်းများကို ကြည့်ရှုခြင်းအား ဖြင့် သတင်းအမှန်များ သိရှိနိုင် မည်ဖြစ်ကြောင်းနှင့် တွေ့ကြုံ ရသည့်အခက်အခဲများကို ပွင့်လင်း စွာ မေးမြန်း ဖြေရှင်းဆောင်ရွက် ပေးသည်။
ထောက်ပံ့ပေးအပ်
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် အချုပ်ထောင်ရှိ ဝန်ထမ်း၊ မိသားစုများနှင့် တွေ့ဆုံ ကာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များကို တိတိ ကျကျ၊ တင်းတင်းကျပ်ကျပ် လိုက်နာကြရန်နှင့် ဝန်ကြီးဌာန မိသားစုများ စည်းလုံးညီညွတ် ပျော်ရွှင်စွာနေထိုင်ကြရေး၊ လုံခြုံ ရေး ဂရုပြုကြရေးတို့ကို မှာကြား ပြီး အာလူး၊ ကြက်သွန်၊ ကြက်ဥ၊ ဆီနှင့် ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်သည်။
လိုက်လံကြည့်ရှုစစ်ဆေး
ဆက်လက်၍ နေပြည်တော် အချုပ်ထောင်၏ မြေလွတ်နေရာ များတွင် နေပြည်တော် ပတ်ဝန်း ကျင်ရှိ အကျဉ်းထောင်၊ အချုပ် ထောင်များသို့ ရိက္ခာတင်ပို့နိုင်ရေး အတွက် အသားတိုး နွားနှင့် ဥစားကြက်မွေးမြူရေး၊ မြေနေရာ ဖော်ထုတ်ထားရှိမှုနှင့် တစ်ရှူး ငှက်ပျောပင် ၂၀၀၀ စိုက်ပျိုးထားရှိ မှုများကို လိုက်လံကြည့်ရှုစစ်ဆေး သည်။
အသေးစိတ်မှာကြား
ပြည်ထောင်စုဝန်ကြီးအနေ ဖြင့် အချုပ်သား၊ အကျဉ်းသား၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ ကို တွေ့ဆုံစဉ် ကောလာဟလ သတင်းများနှင့် ပတ်သက်၍ အကျဉ်းထောင်၊ အချုပ်ထောင် များအလိုက် ကိုဗစ်-၁၉ ကာကွယ် ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေး ဆောင်ရွက်နေမှုတို့ကို ပြည်သူ လူထုနှင့် အကျဉ်းသူ၊ အကျဉ်း သား၊ အချုပ်သူ၊ အချုပ်သားများ သိရှိစေရေး သတင်းမှန်ပြန်ကြား ရေးကို စနစ်တကျဆောင်ရွက် ပေးရန်နှင့် လက်ရှိဆောင်ရွက်နေ သည့် ကာကွယ်ရေး၊ ထိန်းချုပ်ရေး လုပ်ငန်းများကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ် တကျ ဆောင်ရွက်ရေးတို့ကို အသေးစိတ်မှာကြားသည်။
သာမန်ကူးစက်မှုအဆင့်သာ
ကိုဗစ်-၁၉ တတိယလှိုင်း ကာလ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင် များတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အကျဉ်းသား၊ အချုပ်သား ၅၆၆ဦး ရှိခဲ့ပြီး ကုသပျောက်ကင်းသူ ၂၃၄ ဦး၊ လက်ရှိအကျဉ်းထောင်များ ရှိ သီးသန့်ဆေးရုံများတွင် ကုသ နေသူ ၃၁၄ ဦးနှင့် သေဆုံးသူ ကိုးဦးရှိကြောင်း သိရှိရပြီး သေဆုံးသူ ကိုးဦးမှာလည်း မူလ ရောဂါအခံရှိသူများ ဖြစ်ကြောင်း နှင့် ကုသဆဲလူနာများတွင်လည်း သာမန်ကူးစက်မှု အဆင့်သာရှိပြီး စိုးရိမ်ရသည့် လူနာများ မရှိ ကြောင်း သိရသည်။
သတင်းစဉ်