ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် မန္တလေးတိုင်းဒေသကြီးရှိ အကျဉ်းဦးစီးဌာန(အိုးဘို)နှင့် နေပြည်တော်မြို့ဝင်ရှိ ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဇွန်   ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲ ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဒုတိယ ဗိုလ်ချုပ်ကြီး   စိုးထွဋ်သည်   ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အကျဉ်းဦးစီးဌာန(အိုးဘို)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
လိုက်လံကြည့်ရှု
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် (အိုးဘို)အကျဉ်းထောင်ရှိ သံကူကွန်ကရစ် သုံးထပ်အိပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့      ရောက်ရှိပြီး အဆောက်အအုံအား သတ်မှတ်ပုံစံ၊ သတ်မှတ်အရည် အသွေးများနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် တည်ဆောက်ရေး၊ အဆောက်အအုံစံချိန်စံညွှန်းများ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီရေး အင်ဂျင်နီယာများ ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့ဖြင့် လုပ်ငန်းအဆင့် လိုက် အစစ်ဆေးခံနိုင်ရေး၊ တည်ဆောက်ရေးကာလ အတွင်းဌာနမှ ဆောင်ရွက်ပေးရန်ရှိသည့် လိုအပ်ချက် များ  တင်ပြရေးတို့ကို  မှာကြားကာ  ယခင်စစ်ဆေး ညွှန်ကြားထားရှိမှုများအပေါ်  လုပ်ငန်းဆောင်ရွက် ပြီးစီးမှုကို   လုပ်ငန်းခွင်အတွင်း   လိုက်လံကြည့်ရှု စစ်ဆေးသည်။
ယင်းနောက်     အကျဉ်းသားများထားရှိရာ အဆောင်သစ်အား ကြည့်ရှုပြီး အခန်းလိုက်အကျဉ်း သား အကျဉ်းသူများ နေရာချထားမှု၊ ရေလုံလောက် စွာအသုံးပြုနိုင်မှု၊ အကျဉ်းဦးစီးဌာန၏ နေ့အလိုက် ကျွေးမွေးမှု၊ အကျဉ်းထောင်သို့ အကျဉ်းသား(အသစ်)များရောက်ရှိလာပါက  Quarantine   ထားရှိမည့် နေရာတို့ကိုစစ်ဆေးပြီး    လက်ရှိနိုင်ငံအသီးသီး၏ ကိုဗစ်-၁၉ ရောဂါ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားကူးစက်လာမှုအခြေအနေ၊ မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားကူးစက်နေသည့်     အခြေအနေများနှင့် အကျဉ်းဦးစီးဌာန  တပ်ဖွဲ့ဝင်မိသားစုများ၊  အကျဉ်း သား အကျဉ်းသူများအား ကိုဗစ်-၁၉ စည်းကမ်းချက် များကို  အလေးအနက်ထား  လိုက်နာဆောင်ရွက် ကြပ်မတ်နိုင်ရေးတို့ကို မှာကြားသည်။
မှာကြား
ဆက်လက်၍     ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်အဝင်(စီ)  လမ်းဆုံနေရာရှိ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးမှုနှင့် လုံခြုံရေးဆောင်ရွက်နေ မှုများကို    ကြည့်ရှုပြီး    နေပြည်တော်ကောင်စီမှ သတ်မှတ်ညွှန်ကြားထားရှိသော ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ညွှန်ကြားချက်များကို အလေးထားလိုက်နာ ရေး၊ အခြားသောမြို့နှင့် ဒေသအသီးသီးမှ ဝင်ရောက် လာသော ခရီးသွားပြည်သူလူထုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ချမှတ်အသိပေးထားရှိသည့် ကျန်းမာ ရေးဆိုင်ရာ  ညွှန်ကြားချက်များကို  အသိပေးခြင်း၊ ရှင်းလင်းပြောကြားခြင်းများကို    ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများက    ပူးပေါင်း ဆောင်ရွက်ပေးရေး၊  လတ်တလော   မြန်မာနိုင်ငံ အတွင်းဖြစ်ပွားမှု       ပြန်လည်မြင့်မားလာသည့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရမည့် ဝန်ထမ်းများ၊ လုံခြုံ ရေးအဖွဲ့အစည်းများအနေဖြင့်  ပေါ့ဆစွာ သဘော မထားဘဲ  မိမိတို့ကိုယ်တိုင်  တိတိကျကျလိုက်နာ ကျင့်သုံးရေးနှင့် လုံခြုံရေးအထူးကြပ်မတ်ဆောင်ရွက် ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်