
နေပြည်တော် ဧပြီ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး ဗီနေးကူးမား ဦးဆောင်သော အဖွဲ့ကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနများ အကြား စဉ်ဆက် မပြတ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ ရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ နယ်နိမိတ် မှတ်တိုင်များဆိုင်ရာ ကိစ္စ၊ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာကိစ္စ၊ နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာကိစ္စ၊ သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်