
နေပြည်တော် ဖေဖော်ဝါရီ ၃
ကယားပြည်နယ် လွိုင်ကော် မြို့တွင် ရောက်ရှိနေသော နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် လွိုင်ကော် အကျဉ်းထောင်အား သွားရောက် ကြည့်ရှုစစ်ဆေးကာ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များအား တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။
ကြည့်ရှုစစ်ဆေး
ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် တာဝန် ရှိသူများ လိုက်ပါလျက် ကယား ပြည်နယ် လွိုင်ကော်မြို့ အကျဉ်း ထောင်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးက အကျဉ်း ဦးစီးဌာနသည် လက်နက်ကိုင်အဖွဲ့ အစည်းဖြစ်၍ စနစ်တကျတာဝန် ထမ်းဆောင်နိုင်ရန် လိုအပ်ကြောင်း၊ လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ စည်းကမ်းဖောက်ဖျက်မှုမရှိစေရေး နှင့် သစ္စာရှိ၍ တာဝန်ကျေပွန် စွာ အဖွဲ့စနစ်ဖြင့် လုပ်ငန်းတာဝန် များကို အောင်မြင်စွာဆောင်ရွက် နိုင်ရမည်ဖြစ်ကြောင်း၊ အကျဉ်း သားများအား စည်းကမ်းများနှင့် အညီထားရှိပြီး ရသင့်ရထိုက်သည့် ကျွေးမွေးမှုများကိုလည်း အရည် အသွေးမီ ကောင်းမွန်မှန်ကန်စွာ ကျွေးမွေးရန် လိုအပ်ကြောင်း၊ အကျဉ်းသားများအား ကျန်းမာ ရေး စောင့်ရှောက်မှုကို ကိုဗစ်-၁၉ ကာကွယ်တားဆီးထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ရေး အသေးစိတ်မှာကြားသည်။
ထို့နောက် အကျဉ်းထောင်ရှိ မိသားစုဝင်များနှင့် တွေ့ဆုံကာ မိသားစုဝင်အချင်းချင်း စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် နေထိုင် ရန်မှာကြားကာ မိသားစုဝင်များ အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံးရှိ ကန္တရဝတီခန်းမတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့် မိသားစု များအား တွေ့ဆုံအမှာစကား ပြောကြားရာ ရဲတပ်ဖွဲ့သည် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်၍ အမိန့် ညွှန်ကြားချက်နှင့် စည်းကမ်းများ ကို လိုက်နာရကြောင်း၊ အခြားဌာန များထက် လုံခြုံရေးပိုင်းဆိုင်ရာ တွင် ပိုမိုတာဝန်ရှိကြောင်း၊ ဝန်ထမ်း များသည် အမျိုးသားရေးအသိ စိတ်ဓာတ်ဖြင့် တာဝန်ကိုကျေပွန် စွာ ထမ်းဆောင်ကြရန် လိုအပ် ကြောင်း၊ လုံခြုံရေးအမြင်ရှိရန်နှင့် သတိဝီရိယဖြင့် နေထိုင်သွားလာ လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူ အဆင့်ဆင့်ကလည်း လုံခြုံရေး ကျိုးပေါက်မှုမရှိစေရေး အမြဲမပြတ် စစ်ဆေးကြပ်မတ်နေ ရန် လိုအပ်ကြောင်း၊ မိမိ ရုံး/ ရဲစခန်း/ ရဲကင်းများ ရန်သူ တိုက်ခိုက်ခံရမှုမရှိစေရေးအတွက် ခံစစ်ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ မိသားစုဝင် ရဲမေ များအနေဖြင့် မိမိကိုယ်ကိုကာကွယ် ခုခံနိုင်ရေးအတွက် အခြေခံ စစ်ပညာတတ်ကျွမ်းပြီး လက်နက် ငယ်ပစ်ခတ်တတ်ရန် လိုအပ်သည့် အတွက် သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကာ သင်ကြား ပေးထားသည့် အတတ်ပညာနှင့် အညီ လက်တွေ့လိုက်နာဆောင် ရွက်နိုင်ရန်လိုအပ်ပြီး စဉ်ဆက် မပျက် လေ့ကျင့်မှုပြုလုပ်ရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် တားဆီးထိန်းချုပ်ရေး ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များကို တိတိကျကျ လိုက်နာကြရန်နှင့် အလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၏ အခက်အခဲများ အား မေးမြန်း၍ တင်ပြချက်များ အပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး ကာ တပ်ဖွဲ့ဝင်နှင့် မိသားစုများ အတွက် ငွေကျပ်သိန်း ၂၀ ထောက်ပံ့ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်